လာမယ့် ဇူလိုင်လမှ စတင်ကာ အမေရိကန် ပြည်ထောင်စုမှ ပေးအပ်တဲ့ GSP ခံစားခွင့်ကို ပြန်လည် ရရှိဖို့ အတွက် ဆောင်ရွက်မှုများ ရှိနေပြီ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်း မှာတော့ အနောက် နိုင်ငံများက မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကို ပေးထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး GSP ကို ပြန်လည် ရုတ်သိမ်း ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု တွေကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ ကုန်သွယ်မှု အထူး အခွင့်အရေးကို ပြန်လည် ရရှိနိုင်ဖို့ အတွက် တင်ပြ တောင်းဆိုခဲ့ သလို ၂၀၁၃ ခုနှစ် ဇွန်လ ပထမပတ် ကလည်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ အမေရိကန် ပြည်ထောင်စုကို သွားရောက်ပြီး GSP ပြန်လည်ရရှိဖို့ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ တွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အခုလို တင်ပြမှုတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့တာကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ GSP ကို မကြာမီ ကာလ အတွင်း ပြန်လည် ရရှိတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် EU နိုင်ငံများမှ မြန်မာနိုင်ငံ အပေါ် ပြန်လည် ပေးအပ်ခဲ့တဲ့ EU GSP ကို သုံညရာခိုင်နှုန်း အထိ လျှော့ချ ကောက်ခံ သွားမှာ ဖြစ်သလို EU ကော်မရှင် အနေနဲ့ ကုန်သွယ်မှု ဆိုင်ရာ အထူး အခွင့်အရေး ပေးတဲ့ စနစ် အသစ်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး ပေးတဲ့ စနစ်သစ်ကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှာ စတင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
EU အနေနဲ့ မြန်မာနိုင်ငံ ပို့ကုန်တွေ အပေါ် အကောက်ခွန်ကို သုံည ရာခိုင်နှုန်း လျှော့ချပေး လိုက်ပြီ ဖြစ်တဲ့ အတွက် အကောက်ခွန် လျှော့ချမှုကို နောက်ကြောင်းပြန် ထုတ်ပေးမှုတွေ ပြုလုပ်ပေး မယ်လို့လည်း အသိပေး ထားပါတယ်။ ဒါကြောင့် မြန်မာ့ပို့ကုန် လုပ်ငန်းရှင်တွေ အနေနဲ့ EU ကို တင်ပို့မှုတွေ အတွက် GSP Form A နဲ့ အတူတင်ပြပြီး အကောက်ခွန် ပြန်အမ်းငွေ များကို ပြန်လည် ထုတ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment