ပြည်တွင်းမှာ ပထမဆုံး အကြိမ် အဖြစ် 2012- Korea- Myanmar Medical Tourism Forum ကို နိုဝင်ဘာလ ၂၆ ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ
ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ Korea- Myanmar Medical Tourism Forum မှာတော့ ကိုရီးယား နိုင်ငံမှ ဆေးကုမ္ပဏီ ၈ ခုမှ လာရောက်ပြီး ဆေးပညာ ဆိုင်ရာ ကုသနည်းတွေ အကြောင်းကို ရှင်းလင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။
ယခုလို နှစ်နိုင်ငံ ပူးပေါင်းပြီး ဆေးပညာ ဆိုင်ရာ Forum ကို ကျင်းပြုလုပ်တဲ့ အတွက် မြန်မာနိုင်ငံ အနေနဲ့ ဆေးပညာ ဆိုင်ရာ အထောက်အကူများ ပိုမိုရရှိ လာနိုင်မှာ ဖြစ်တယ်လို့ အဆိုပါ ပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်ရှင်။ဒါ့အပြင် ဆရာဝန်များအနေနဲ့လည်း အပြန်အလှန်ပညာများဖလှယ်ပြီး ပလပ်စတစ်ဆာဂျူရီ၊ ခါး၊ ဒူး၊ လည်ဂုတ် ပြင်ဆင်တဲ့ ကျန်းမာရေးစင်တာ၊ ကင်ဆာ ကာကွယ် ခွဲစိတ်ရေး၊ နည်းပညာ မြင့်မားတဲ့ ဆေးရုံများ တည်ဆောက် ဖို့လည်း စီစဉ်ထား တယ်လို့ သိရပါတယ်။

No comments:
Post a Comment