Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 November 2012

ရန်ကုန်အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကွန်ဒို တိုက်ခန်းများ အငှားသွက် လျက်ရှိ


အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်း အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ အခုလက်ရှိ ရန်ကုန်ရှိ အိမ်၊ ခြံ၊ မြေ အငှား ဈေးကွက်မှာ ကွန်ဒို
တိုက်ခန်းများ အငှား သွက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို အငှား သွက်လျက်ရှိတဲ့ ကွန်ဒိုတွေ ကတော့ ဓာတ်လှေကား ပါတဲ့ ကွန်ဒိုတွေက အငှား ပိုသွက် လျက်ရှိပြီး ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ဒဂုံမြို့နယ်နဲ့ မရမ်းကုန်း မြို့နယ် တို့မှာရှိတဲ့ ကွန်ဒိုတွေ ပိုမိုအငှား သွက်လျက် ရတာ ဖြစ်ပါတယ်။

ဒီလို အငှားသွက် လျက်ရှိတဲ့ ကွန်ဒို တိုက်ခန်းများရဲ့ ဈေးနှုန်းတွေ ကတော့ ကျပ် ၁၆ သိန်း ၀န်းကျင် အထိ အငှား ရှိတယ်လို့ သိရပါတယ်။ ဒီလို ကွန်ဒို တိုက်ခန်းတွေ အငှားသွက် လျက်ရှိသလို တောင်ဥက္ကလာပနဲ့ မရမ်းကုန်း မြို့နယ် တို့မှာရှိတဲ့ ငွေကျပ် ၆ သိန်းမှ ၁၂ သိန်း ၀န်းကျင် ရှိတဲ့ လုံးချင်း အငှားတိုက်ခန်း များလည်း အငှားလိုက် လျက်ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် မြေအငှား အနေနဲ့ မရှိသလောက် နည်းပါးနေပြီး ကား Show Room လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက်သာ ငှားရမ်းမှုများ ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့ရဲ့ အိမ်၊ ခြံ၊ မြေ အငှား ဈေးကွက်ဟာ အငှားသွက် လျက်ရှိနေပြီး အရောင်းဝယ် ဈေးကွက် ကတော့ မြေဈေး မြင့်မားမှုနဲ့ မြေခွန်ပေးဆောင် ရမှုဟာ ၃၇ ရာခိုင်နှုန်း ဖြစ်တဲ့အတွက် အရောင်းအ၀ယ် အေးလျက် ရှိတယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့