Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 November 2012

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုင်ကုမ္ပဏီနှင့် တွေ့ဆုံခွင့်မရ

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းကြေးနီ စီမံကိန်းကို ကန့်ကွက် ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဒီနေ့ မနက်ပိုင်းက အင်းအားသုံး ဖြိုခွဲအပြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင် စီးပွားရေးဦးပိုင်လီမိတက်က တာဝန်ရှိသူတွေကို သွားရောက်တွေ့ဆုံခဲ့ရာမှာ တွေ့ဆုံခွင့် မရခဲ့ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ ဆွေးနွေးဖို့ ကမ်းလှမ်းတာ အဲက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံး ဘယ်သူမှ ကျမတို့နဲ့ တွေ့ဖို့ လက်မခံပါဘူး။ ကုမ္ပဏီရှေ့မှာ ကျမ ၁ နာရီလောက် ရပ်ပြီး တွေ့ဆုံဖို့ရာ အကြောင်းကြားတာကို ဘယ်သူမှ အကြောင်းမပြန်ပါဘူး။”

ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသမားတွေကို အင်အားသုံးဖြိုခွဲခဲ့တဲ့အတွက် အခုချိန်ထိ ၇၀ ဒဏ်ရာရရှိသွားပြီး ၂၇ ဦးကတော့ စိုးရိမ်ရတယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ဒေါ်ခင်စန်းလှိုင်ဟာ မုံရွာမြို့ကို ရောက်ရှိနေတဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မနက်ပိုင်းက ဆန္ဒပြသမားတွေကို ဖြိုခွဲခံရတာနဲ့ပတ်သက်ပြီး အသေးစိတ် တင်ပြသွားမယ်လို့ ပြောဆိုပါတယ်။

မင်းလွင် - DVB ၂၉ နိုဝင်ဘာ ၂၀၁၂

လက်ပတောင်း ကြေးနီစီမံကိန်းရှေ့က သပိတ်စခန်းများကို တန်ဆောင်မုန်း လပြည်ည သန်းခေါင်ယံကျော်မှာ အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်း (Photos: DVB)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့