Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 28 November 2012

ယာဉ်အမျိုးအစား အလိုက် ကုန်တန်ချိန် တင်ဆောင်မှု တိုးမြှင့်ခွင့်ပြု သွားမည်


ဆောက်လုပ်ရေး ၀န်ကြီး ဌာနရဲ့ တာဝန်ရှိသူ တစ်ဦးရဲ့ပြောပြချက် အရ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်တဲ့ ယာဉ်အမျိုးအစား အလိုက်
ကုန်တန်ချိန် တင်ဆောင်မှုကို တိုးမြှင့် ခွင့်ပြု ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို တိုးမြှင့် ခွင့်ပြုရာ မှာလည်း Farm Track  ၂ လုံးထိုးကို ယခင် သတ်မှတ် ထားတဲ့ ကုန်တန်ချိန် ၂ တန်မှ ၄ တန်၊ ဟိုင်းလပ်/လိုက်ထရက် အသေးကို ယာဉ်အပေါင်း ကုန်အပါအ၀င် ၂.၂၅ တန်မှ ၅ တန်၊ ဒိုင်နာ၊ ကင်တာ အလတ်၊ လိုက်ထရပ် အလတ်၊ ၄ ဘီး ကားများကို ၄ တန်မှ ၆ တန်အထိ ခွင့်ပြု လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် Farm Truck ၄ လုံးထိုး၊ ဒေါင်ဖန်း၊ လီဖန်း ယာဉ်များကို ၅.၅ တန်မှ ၈ တန်၊ ဒိုင်နာ၊ ကင်တာနဲ့ လိုက်ထရပ် ကားအကြီး ၆ ဘီးကား များကို ၅.၅တန်မှ ၉ တန်၊ ဒိုင်နာ/ကင်တာကား အကြီး ၆ဘီး ကားများကို ၅.၅ တန်မှ ၁၂ တန်အထိ တိုးမြှင့် ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဟီးနိုး၊ ကာဂို၊ နီဆန်း၊ ကွန်ဒို ၆ ဘီး ကားများကို ၁၀ တန်မှ ၁၆ တန်၊ TE-11, TE-21, GMC, Fuso, UD ကောင်တာ ၆ ဘီး ကားများကို ၁၃ တန်မှ ၁၆ တန်၊ ခရီးသည် မှန်လုံယာဉ်ကြီး ခရီးသည် ၄၆ ဦးနဲ့ အထက်ကို ၁၇ တန်မှ ၁၈ တန်၊ ၁၀ ဘီးကားကို ၂၁ တန်မှ ၂၃ တန်၊ ၁၂ ဘီးကားကို ၂၅ တန်မှ ၂၇ တန်၊ ၁၄ ဘီးကား (Lift Axle) ကို ၂၅ တန်မှ ၃၁ တန်ထိ ဖြေလျှော့ကာ ကုန်တန်ချိန် ပိုမို တင်ဆောင် နိုင်ဖို့ အတွက် တိုးမြှင့် သတ်မှတ် ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါတင်မကဘဲ လမ်း၊ တံတားများ တည်ဆောက် ထားတဲ့ ဒီဇိုင်း အရ မိုးတွင်း ကာလ သတ်မှတ်ချက်ကို နှစ်တစ်နှစ်ရဲ့ မေလ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ လည်းကောင်း၊ နွေကာလ သတ်မှတ်ချက်ကို အောက်တိုဘာလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့ အထိ လည်းကောင်း ခွဲခြားပြီး ခွင့်ပြု တန်ချိန် သတ်မှတ်ချက် ၂ မျိုးနဲ့ ဖြေလျှော့ သတ်မှတ် ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့