Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 November 2012

တန်ဆောင်တိုင် စာအုပ်ဈေးရောင်း ပွဲတော် ကျင်းပလျက်ရှိ


လျှပ်တစ်ပြက် သတင်းဂျာနယ်၊ မော်နီတာ သတင်း ဂျာနယ်နဲ့ Orchid Hotel တို့ ပူးပေါင်း ကျင်းပတဲ့ ဒုတိယ အကြိမ်မြောက် တန်ဆောင်တိုင် ကာတွန်း၊
သတင်း ဓာတ်ပုံပြပွဲနဲ့ မြန်မာနိုင်ငံ စာအုပ် ထုတ်ဝေ သူများနဲ့ ဖြန့်ချိသူများ အသင်းရဲ့ စာအုပ် ဈေးရောင်းပွဲကို  နိုဝင်ဘာလ ၂၇ ရက်နေ့ ကနေ ၂၉ ရက်နေ့ အထိ Orchid Hotel မှာ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ပြပွဲပြုလုပ် ရတာဟာ ကာတွန်း ဆရာကြီးများ၊ ကဗျာ ဆရာကြီးများကို ဂုဏ်ပြုလိုတဲ့ အတွက် ဖြစ်ပါတယ်။

ဒီလိုပြသရာမှာ ကာတွန်းဆရာ ၂၀ ရဲ့ ကာတွန်း လက်ရာများနဲ့ ကဗျာဆရာ ၃၈ ဦးတို့ရဲ့ ကဗျာများကို ပြသထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲမှာ ကာတွန်းဆရာ များက လာရောက် ကြည့်ရှု သူတွေကို အခမဲ့ ကာတွန်း ပုံများ ရေးဆွဲပေး လျက်ရှိပါတယ်။ ဒါ့အပြင် ဓာတ်ပုံများ ပြသမှု မှာလည်း ပြည်တွင်းရှိ လူနေမှုပုံစံများကို အနုပညာ လက်ရာမြောက် ရိုက်ကူး ထားတဲ့ ပုံတွေ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကျင်းပ ပြုလုပ်မှုမှာ ပထမ အကြိမ်က ကာတွန်းနဲ့ သတင်း ဓာတ်ပုံ ပြပွဲကိုသာ ပြုလုပ်ခဲ့ ပေမယ့် ယခု ဒုတိယအကြိမ် မှာတော့ စာအုပ်ဈေးရောင်း ပွဲတော်ကိုပါ ထည့်သွင်း ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့