Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 28 November 2012

မကြာမီ လပိုင်း အတွင်း GSM တန်ဖိုးနည်း ဖုန်းများ ထပ်မံ ထွက်ရှိနိုင်ရန် စီစဉ်လျက်ရှိ


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မကြာမီလပိုင်း အတွင်း တန်ဖိုးနည်း GSM ဖုန်းများ ထွက်ရှိနိုင်ဖို့ အတွက်
စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ တာဝန်ရှိသူရဲ့ ပြောပြချက် အရ လက်ရှိမှာ ငွေကျပ် နှစ်သိန်းနဲ့ ရောင်းချလျက်ရှိတဲ့ GSM ဖုန်းများထက် တန်ဖိုးနည်းတဲ့ GSM တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို မကြာမီ လပိုင်းအတွင်း  ရောင်းချနိုင်ရန် စီစဉ်နေတာ ဖြစ်ပါတယ်။

အဆိုပါ GSM ဖုန်းများကိုတော့ ဈေးနှုန်း အနေနဲ့ ကျပ်တစ်သိန်း ငါးသောင်းအောက် ဈေးနှုန်းနဲ့ သတ်မှတ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ GSM တန်ဖိုးနည်းဖုန်းများ ဈေးနှုန်း လျော့ပေးနိုင်ဖို့ အတွက်ကို သက်ဆိုင်ရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူ များက စီစဉ် ဆောင်ရွက်လျက် ရှိတယ် လို့လည်း သိရပါတယ်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ GSM မိုဘိုင်းဖုန်း များကို ငွေကျပ် ၁၅ သိန်းမှ ယခုလက်ရှိ ၂ သိန်း ၀န်းကျင် အထိ ဈေးနှုန်း လျော့ချမှုများကို အဆင့်ဆင့် ဆောင်ရွက် လျက်ရှိပြီး နောက်ပိုင်း မှာလည်း ထပ်မံ လျှော့ချ သတ်မှတ်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့