Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 November 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ခရီးစဉ် (၂)

မုံရွာမြို့၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းသို့ သွားရောက်နေသော ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ နေ့လယ် ၁ နာရီတွင် မုံရွာမြို့သို့ ရောက်ရှိနေသွားပြီ ဖြစ်ကြောင်း မုံရွာမြို့သို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ အာရုဏ်တက်ချိန်တွင် လက်ပန်းတောင်းတောင် သပိတ်စခန်းများအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသွားသော သံဃာတော်များနှင့် ရွာသူရွာသားများ ကို တွေ့ဆုံရန် မုံရွာပြည်သူ့ဆေးရုံသို့ သွားရောက်လျက်ရှိကြောင်း မုံရွာသို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာပြည်သူ့ဆေးရုံသို့ သွားရောက်ပြီးမှသာ ဟောပြောပွဲပြုလုပ်မည့် ကံတက်ကုန်းကျေးရွာသို့ သွားရောက်မည်ဖြစ်သည်။

သတင်း - ဓါတ်ပုံ The Voice Weekly











No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့