Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 November 2012

အကျဉ်းဦးစီး ဌာန၏ မိသားစု ဘုံကထိန်တွင် သိန်း ၁၇၀ ကျော်ဖိုး လှူဒါန်းခဲ့


နိုဝင်ဘာလ ၂၈ ရက်နေ့ ဒီကနေ့မှာ အင်းစိန် မြို့နယ်ရှိ အကျဉ်းဦးစီး ဌာနမှ ဦးစီးပြီး မိသားစု ဘုံကထိန် သင်္ကန်း ကပ်လှူ ပူဇော်ပွဲ ပြုလုပ်ခဲ့ရာ သိန်းပေါင်း
၁၇၀ ကျော် တန်ဖိုးရှိ ပဒေသာပင်နဲ့ လူဖွယ် ပစ္စည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရာမှာ အကျဉ်းဦးစီး ဌာန မိသားစုများ အပြင် ပြစ်ဒဏ်ကျ အကျဉ်းသူ၊ အကျဉ်းသားတွေ မှလည်း လှူဖွယ် ပစ္စည်းများ ပါဝင် လှူဒါန်းခဲ့ ကြတာ ဖြစ်ပါတယ်။

အကျဉ်းဦးစီး ဌာန အနေနဲ့ အခုလို လှူဒါန်းမှု ပြုလုပ်တာဟာ ၂၉ ကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အလှူဒါန ပြုလုပ်ရာမှာ ပါဝင်စေခဲ့တဲ့ အကျဉ်းသူ၊ အကျဉ်းသား တွေဟာ လက်ရှိမှာ အင်းစိန် အကျဉ်းထောင် အတွင်း အကျဉ်းကျ ခံနေရသူတွေ ဖြစ်ပြီး အကျဉ်းသား ဦးရေ စုစုပေါင်း ရှစ်ထောင် ကျော်ရှိတယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့