Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 28 November 2012

မိုင် ၂၄၀ ကျော် ခရီးရှည် မသန်စွမ်း ၀ှီးချဲစွမ်းရည် ပြသမှု တတိယ အကြိမ်မြောက် ကျင်းပခဲ့


ရွှေမင်းသား ဖောင်ဒေးရှင်းမှ စီစဉ်မှုနဲ့ တတိယ အကြိမ် ခရီးရှည် မသန်စွမ်း ၀ှီးချဲစွမ်းရည် ပြသမှု ခရီးစဉ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က ၀ါးတန်း လမ်းရှိ
ရွှေမင်းသား ဖောင်ဒေးရှင်း ရုံးချုပ်မှာ စတင် ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ မသန်စွမ်း များရဲ့ ၀ှီးချဲ စွမ်းရည် ပြသမှု အစီအစဉ် မှာတော့ ရန်ကုန်မှ မသန်စွမ်း ၁၁ ဦး ပါဝင် ပါတယ်။ မသန်စွမ်း များဟာ ရန်ကုန်မှ နေပြည်တော် စည်ပင် ဧည့်ရိပ်သာသို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း အတိုင်း ဒီကနေ့မှ စတင် ထွက်ခွာတာ ဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ အဆိုပါ အဖွဲ့ဟာ ရန်ကုန်မှ ပဲခူး အထိ သွားရောက်မှာ ဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ပဲခူးမှ ညောင်လေးပင်၊ ၂၈ ရက်နေ့မှာ ညောင်လေးပင်မှ ဖြူး၊ ၂၉ ရက်နေ့မှာ ဖြူးမှ တောင်ငူ၊ ၃၀ ရက်နေ့မှာ တောင်ငူမှ ရေနီ၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရေနီမှ လယ်ဝေးနဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ မှာတော့ လယ်ဝေးမှ နေပြည်တော် စည်ပင် ဧည့်ရိပ်သာ အထိ မိုင်ပေါင်း ၂၄၅ မိုင်ကို မသန်စွမ်း ၀ှီးချဲစွမ်းရည် ပြသမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေမင်းသား ဖောင်ဒေးရှင်း မြန်မာမှ စီစဉ်မှုနဲ့ မန္တလေးမှ မသန်စွမ်း ၁၄ ဦး တို့ဟာလည်း မန္တလေးမှ နေပြည်တော် စည်ပင် ဧည့်ရိပ်သာသို့ မန္တလေး-ရန်ကုန် ကားလမ်းဟောင်း အတိုင်း နိုဝင်ဘာလ ၂၇ ရက်နေ့မှာ စတင် ထွက်ခွာမှာ ဖြစ်ပါတယ်။

အဆိုပါ နေ့မှာ မန္တလေးမှ ကျောက်ဆည်၊ ၂၈ ရက်နေ့မှာ ကျောက်ဆည်မှ ၀မ်းတွင်း၊ ၂၉ ရက်နေ့မှာ ၀မ်းတွင်းမှ မိတ္ထီလာ၊ ၃၀ ရက်နေ့မှာ မိတ္ထီလာမှ ရမည်းသင်းနဲ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရမည်းသင်းမှ  လယ်ဝေး၊ ဒီဇင်ဘာလ ၂ ရက်နေ့မှာ လယ်ဝေးမှ နေပြည်တော် စည်ပင်ရိပ်သာ အထိ မိုင်ပေါင်း ၁၉၂.၂ မိုင်ကို စွမ်းရည်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့