Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 28 November 2012

၁၃ ကြိမ်မြောက် ဂရိတ်ဝေါ ASIA အမျိုးသား တံခွန်စိုက် ကြက်တောင်ရိုက် ပြိုင်ပွဲကျင်းပ


၁၃ ကြိမ်မြောက် ဂရိတ်ဝေါ ASIA အမျိုးသား တံဆိပ် ကြက်တောင် ရိုက်ပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျင်းပပြုလုပ် တော့မှာ ဖြစ်ကြောင်း
သိရပါတယ်။ အဆိုပါ ပြိုင်ပွဲဟာ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ပြိုင်ပွဲဝင် ကစားသမားများ ပါဝင် ယှဉ်ပြုင်မှာ ဖြစ်ပြီး အလွတ်တမ်း ယှဉ်ပြိုင် ရမယ့် ပြိုင်ပွဲ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ပြိုင်ပွဲ အမျိုးအစား ၈ မျိုး ပါဝင်မှာဖြစ်ပြီး ကျင်းပမယ့် ပြိုင်ပွဲများ ကတော့
 
၁။ အလွတ်တန်း အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲ
၂။ အလွတ်တန်း အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲ
၃။ အလွတ်တမ်း အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲ
၎။ အလွတ်တမ်း အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ
၅။ အကြီးတန်း အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲ
၆။ အကြီးတန်း အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲ
၇။ အကြီးတန်း အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ
၈။ အကြီးတန်း အမျိုးသားနှင့် အမျိုးသမီး ပြိုင်ပွဲ တို့ကို ထည့်သွင်း ကျင်းပ ပြုလုပ်မှာပဲ ဖြစ်ပါတယ်။
 
၁၃ ကြိမ်မြောက် ဂရိတ်ဝေါ ASIA အမျိုးသား တံခွန်စိုက် ကြက်တောင်ရိုက်ပွဲကို မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ်က ကြီးမှူးပြီး ၊ ဂရိတ်ပေါ ASIA ကုမ္ပဏီ လီမိတက်က ကူညီပံ့ပိုး ပေးမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ ကတော့ လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှ ဒီဇင်ဘာလ ၉ ရက်နေ့ အထိ အမျိုးသား ကြက်တောင်ရုံမှာ ကျင်းပပြုလုပ် မယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့