Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 November 2012

၂၀၁၃ နှစ်ဆန်းပိုင်းတွင် ၅၀၀ ကေဗွီဓာတ်အား လိုင်း၏ အပိုင်း ၁ စီမံကိန်း စတင်မည်


ပြည်တွင်းမှာ ပထမဆုံး ဆောင်ရွက်မယ့် ၅၀၀ ကေဗွီ ဓာတ်အားလိုင်း စီမံကိန်းရဲ့ အပိုင်း ၁ စီမံကိန်းကို လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဆန်းမှာ တည်ဆောက်ရေး
လုပ်ငန်းတွေ စတင်မှာ  ဖြစ်တယ်လို့ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ၅၀၀ ကေဗွီ ဓာတ်အားလိုင်း စီမံကိန်းရဲ့ အပိုင်း ၁ စီမံကိန်းကို သပြေ၀ (မိတ္ထီလာ)- တောင်ငူ ဓာတ်အားလိုင်း အတွက် ၁၄၆ မိုင် တည်ဆောက်မှာ ဖြစ်ပါတယ်။

အဲ့ဒီ အပိုင်း ၁ စီမံကိန်းမှာ ဆောက်လုပ်မယ့် ပစ္စည်းတွေ ကတော့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အပိုင်း ၁ စီမံကိန်း အတွက် တည်ဆောက် ချိန်ကို နှစ်နှစ် လျာထား သတ်မှတ် ထားပြီး ကုန်ကျငွေ ကိုတော့ အမေရိကန် ဒေါ်လာ ၁၁၆ ဒဿမ ၃၂ သန်းခန့် လိုအပ်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် လိုအပ်တဲ့ ငွေကို ဆိုင်းငံ့ငွေချေ စနစ်နဲ့ ၀ယ်ယူဖို့ စီစဉ် ထားတာ ဖြစ်ပါတယ်။

ဒီလို အပိုင်း ၁ စီမံကိန်း အပြီး အပိုင်း၂ ဖြစ်တဲ့ ၅၀၀ ကေဗွီတောင်ငူ-ကမာနတ် (ပဲခူး) ဓာတ်အားလိုင်း အတွက် ၁၁၇ မိုင် တည်ဆောက်ရေး လုပ်ငန်းနဲ့ အပိုင်း ၃ ဖြစ်တဲ့ ၅၀၀ ကေဗွီ သပြေ၀၊ တောင်ငူ၊ ကမာနတ် ဓာတ်အား ခွဲရုံ ၃ ရုံ တည်ဆောက်ရေး လုပ်ငန်းတွေ ကိုတော့ အပိုင်းလိုက် ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့