Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 28 November 2012

ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်တာနက် အသုံးပြုခ ပြောင်းလဲ ကောက်ခံ သွားမည်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုခ များကို
ပြောင်းလဲ ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကောက်ခံရာမှာ ယခုလက်ရှိ အသုံးပြု ကောက်ခဲ့တဲ့ Time Based Charing စနစ်အစား Volume Based Charging စနစ်နဲ့ ပြောင်းလဲ သတ်မှတ် သွားမှာ ဖြစ်ပါတယ်။

ယခုလက်ရှိ ကောက်ခဲ့တဲ့ Time Based Charging စနစ်မှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြု သူများဟာ GSM တယ်လီဖုန်း အတွက် တစ်မိနစ်ကို ငွေ ၂ ကျပ်နှုန်း၊ WCDMA နဲ့ CDMA 800 တယ်လီဖုန်းများ အတွက် တစ်မိနစ်ကို ၄ ကျပ်နှုန်းနဲ့ ကောက်ခံ နေတာ ဖြစ်ပါတယ်။  ဒါပေမယ့် လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ စတင် ကောက်ခံမယ့် Volume Based Charging စနစ် မှာတော့ မိုဘိုင်းဖုန်း တစ်လုံးဟာ ယခင်ကလို အင်တာနက် ဖွင့်ပြီး ပြန်မပိတ် မိပါက အခကြေးငွေ ပေးဆောင်ရမှာ မဟုတ်သလို အင်တာနက် အသုံးမပြုမီ Data Enable ပြုလုပ်ရုံနဲ့လည်း ငွေဖြတ်တောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

သုံးစွဲသူ အနေနဲ့ ဒေတာ အချက်အလက်များ ဒေါင်းလုပ် ပြုလုပ်ရာမှာ အချိန်ကြာမြင့် မှသာ ဒေါင်းလုပ် ပြုလုပ်တဲ့ ပမာဏ အလိုက် ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်တာနက် အသုံးပြုခ ကောက်ခံရာ မှာလည်း Plan များခွဲခြား ကောက်ခံမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ကောက်ခံရာမှာ Plan A မှာ Data 100 K byte အသုံးပြုတိုင်း ငွေ ၂ ကျပ် ကောက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။ Plan B ကတော့ Monthly Usage Data Plan ဖြစ်ပြီး လစဉ် ၁၅၀၀ ကျပ် အကုန်ကျခံပါက (200) M byte ပမာဏ ရှိတဲ့ Data ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(200) M byte ထက်ပိုတဲ့ Data အသုံးပြုရင်တော့ 100 K byte လျှင် ငွေ ၂ ကျပ်နှုန်း ထပ်မံ ကောက်ခံမှာ ဖြစ်ပါတယ်။ Plan C ဟာလည်း Monthly Usage Data Plan ဖြစ်ပြီး လစဉ် သတ်မှတ်ငွေ နဲ့ကောက်ခံမှာ ဖြစ်ပါတယ်။ ကောက်ခံရာမှာ လစဉ် အနေနဲ့  ၇၀၀၀ ကျပ် သတ်မှတ် ထားပြီး 1 G byte ပမာဏရှိတဲ့ Data ကို အသုံးပြုခွင့် ရမှာ ဖြစ်ပါတယ်။ 1 G byte ထက်ပိုတဲ့ Data ကို အသုံးပြုပါက 100 KB အတွက် ၂ ကျပ်နှုန်း ထပ်မံ ကောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Plan B နဲ့ Plan C ဟာ လစဉ် ပေးသွင်းရမယ့် စနစ်ဖြစ်ပြီး အသုံးလို ပြုသူဟာ ပန်းဆိုးတန်း မိုဘိုင်း ဆက်သွယ်ရေးရုံး၊ အလုံ မိုဘိုင်း ဆက်သွယ်ရေးရုံးနဲ့ ရွှေဂုံတိုင် မိုဘိုင်း ဆက်သွယ်ရေး ရုံးများမှာ စာရင်းပေးသွင်း ရမှာ ဖြစ်ပါတယ်။ ယခုလို လစဉ် အခပေး စနစ်နဲ့ အသုံးမပြု လိုသူတွေ အတွက် ကတော့ Plan A နဲ့ ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့