Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 30 November 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ခရီးစဉ် (၈)

လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် နှိမ်နင်းမှုကြောင့် မုံရွာမြို့ ဆေးရုံသို့ ရောက်ရှိ နေသော ဒဏ်ရာရ သံဃာတော် များနှင့် ပြည်သူများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ (နိုဝင်ဘာလ ၂၉)ရက် ည ၉နာရီခန့်တွင် လာရောက် ကြည့်ရှု နေကြောင်း သိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာပြည်သူ့ ဆေးရုံကြီး ၀င်းအတွင်းရှိ သံဃဆေးရုံသို့ သွားရောက်ပြီး မီးလောင် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များအား ကြည့်ရှုနေကြောင်း သတင်းရရှိပါသည်။

လက်ပံတောင်း ကြေးနီစီမံကိန်း ဧရိယာဝန်းကျင်သို့ အဆိုပါစီမံကိန်းမှ ပေးဝေသည့် လျှပ်စစ်ဓါတ်အားကို ယနေ့ (နိုဝင်ဘာလ ၂၉ရက်) ညပိုင်းမှ စတင်ပြီး ဖြတ်တောက်ထားကြောင်း သတင်းရရှိပါသည်။ အဆိုပါ စီမံကိန်းဝင်းအတွင်းတွင် လုံခြုံရေးများ ရှိနေဆဲဖြစ်ကြောင်းလည်း သိရသည်။

သတင်း- ဓါတ်ပုံ ။ ။ Eleven Media Group








မုံရွာဆေးရုံတွင် ဆေးကုသမှုခံနေယူနေမှုများ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့