Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 November 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ခရီးစဉ် (၆)

ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့်နေရာသို့ လူပရိတ်သတ်တစ်သိန်းကျော်တက်ရောက်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် နေရာသို့ လူဦးရေပေါင်း တစ်သိန်းကျော် တက်ရောက် နားထောင် မည် ဖြစ်ကြောင်း ယင်းဒေသတွင်လုံခြုံရေး ယူထားသည့် NLD အဖွဲ့ဝင် လူုငယ်များ က ပြောကြားသည်။

အဆိုပါ ဟောပြောပွဲသို့ လက်ပံတောင်း ဒေသခံ ၂၆ ရွာ အပါအ၀င် ပုလဲ၊ ယင်းမာပင်၊ မုံရွာ နှင့် ကနီ မြို့နယ်များမှ ဒေသခံများ လာရောက် နားထောင် ကြမည် ဖြစ်ကြောင်း ယင်းမာပြည်မြို့ သွေးလှူရှင်အသင်းမှ လူငယ်တစ်ဦးကပြောသည်။

"အဓိကတော့ ဒေသခံ တောင်သူ လယ်သမားတွေက ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းတွေ့ချင်ကြတာ မိုင်ပေါင်း အများကြီး ဝေးတဲ့ ကနီမြို့နယ်က တောင်သူတွေ ကတော့ ကုမ္ပဏီ တစ်ခုက လယ်သိမ်းခံ တောင်သူတွေ အများစုပါတယ် ၊ ဒီမှာက လက်ရှိ ဟောပြောပွဲကွင်းမှာ သောက်သုံးရေ အခက်အခဲ ဖြစ်နေတယ် လုံခြုံရေးပိုင်းဆိုရင်လည်း ယူနီဖောင်းဝတ်တွေ မတွေ့ရဘူး ၊ အားလုံးကတော့ ဒေသခံ NLD လူငယ်တွေပဲ ဖြစ်တယ် " ဟုယင်းက ဆိုသည်။

ယင်းဟောပြောပွဲကျင်းပရာနေရာသို့ ဒေသခံ NLD လူငယ် ၅၀၀ ကျော်ဖြင့် လုံခြုံရေးယူထားကြောင်းသိရသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲသည် ၁၅ မိနစ်ခန့် သာကြာမြင့်ခဲ့သည်။ မနက်ဖြန် မနက် ၈ နာရီတွင်လည်း မုံရွာဘက်ခြမ်း သောင်ပြင် တွင် ဟောပြောပွဲ ထပ်မံပြုလုပ်ဦးမည် ဟု သိရသည်။

တည်ကြည်အေး-Yangon Media Group

ဒေါ်အောင်ဆန်းစုကြည် ကိုလာရောက်ကြိုဆိုသူများ ။ Photo by: Ko Thit Sar

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့