Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 30 November 2012

မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှုကို Time Based Charging စနစ်ကို ဆက်လက်သုံးစွဲမည့် အစီအစဉ်ကြေညာခြင်း

ယနေ့ 30-11-2012 ရက်နေ့တွင် မီဒီယာများနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုနှင့် ပြည်သူလူထု မိုဘိုင်းဖုန်း အင်တာနက်ကို ဈေးနှုန်း သက်သာစွာနှင့် ပိုမို တွင်ကျယ်စွာ အသုံးပြုနိုင် ရေးတို့ အတွက် ယခုကြေညာထားသည့် Volume Based Charging စနစ်ထက် ပိုမိုကောင်းမွန်စွာနှင့် ဈေးနှုန်း သက်သာစွာ သုံးစွဲနိုင်မည့် နည်းလမ်းများကို အသေး စိတ်ထပ်မံ စိစစ်လျက်ရှိပါသည်။

သို့ပါ၍ ယင်းသို့စိစစ်နေစဉ်အတွင်း လက်ရှိအသုံးပြုနေသည့် Time Based Charging စနစ်ကိုသာ ဆက်လက်သုံးစွဲသွားမည်ဖြစ်ပါသည်။ အသေးစိတ် ထပ်မံစိစစ်ရရှိသည့် နှုန်းထားသစ်ကို 1-1-2013 ရက်နေ့မှ စ၍ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း


ဓါတ်ပုံ - Popular Myanmar News Journal

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့