Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 November 2012

လာမည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် ငမိုးရိပ် ဒုတိယအဆင့် ရေပေးဝေရေး စီမံကိန်း အပြီးသတ် လုပ်ဆောင် သွားရန်ရှိ


ရန်ကုန်မြို့တော် အတွက် ရေဂါလံပေါင်း ၄၅ သန်း ပံ့ပိုးကူညီ ပေးနိုင်မယ့် ငမိုးရိပ် ဒုတိယ အဆင့် ရေပေးဝေရေး စီမံကိန်းကို လာမယ့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ
ပြီးစီး နိုင်အောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ငမိုးရိပ် ဒုတိယ အဆင့် ရေပေးဝေရေး စီမံကိန်းကို ၂၀၀၆ ခုနှစ်က စတင် လုပ်ဆောင် ခဲ့ပြီး ယခုဆိုရင် ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ယခု လက်ရှိမှာ နေ့စဉ် ရေဂါလံ သန်းပေါင်း ၁၆၀ ကို ပေးဝေနေပြီး ဒုတိယ အဆင့် စီမံကိန်း ပြီးစီးပါက ရေပေးဝေမှုမှာ ရေဂါလံ ၄၅ သန်း ထပ်မံ ရရှိမှာဖြစ်ပြီး စုစုပေါင်း ရေဂါလံ ၂၀၅ သန်းအထိ ရရှိလာမှာ ဖြစ်ပါတယ်။ ယခု တည်ဆောက် နေတဲ့ ဒုတိယ အဆင့် ရေပေးဝေမှု စီမံကိန်း မှာတော့ ရေသန့် စက်ရုံ တည်ဆောက်ခြင်း၊ ရေစစ်ကန် တည်ဆောက်ခြင်း၊ ရေတွန်းစက်ရုံ တည်ဆောက်ခြင်း၊ လျှပ်စစ် မီးသွယ် တန်းခြင်းနဲ့ ရေပို့ပိုက်မကြီး သွယ်တန်းခြင်း များကို ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ဒုတိယ အဆင့် စီမံကိန်း ပြီးစီးတဲ့ အခါမှာတော့ ရန်ကုန် အရှေ့ပိုင်း ခရိုင်ရှိ မြို့နယ်များဖြစ်တဲ့ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ ဒေါပုံ၊ သာကေတ အစရှိတဲ့ မြို့နယ် တွေမှာ ရေပိုပြီး တိုးချဲ့ ပေးဝေနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် အတွင်း ရေပေးဝေရာ မှာလည်း PH7 ရေသန့် အဆင့်ထိ ဖြစ်စေဖို့ စနစ်တကျ အဆင့်ဆင့် လုပ်ဆောင် နေတာဖြစ်ပြီး အဆိုပါ စီမံကိန်း တည်ဆောက်မှုရဲ့ ကုန်ကျ စရိတ်က အပြီးအစီးကို ကျပ်သိန်းပေါင်း ခုနစ်သောင်း ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့