Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 30 November 2012

ရဲသုံးဦး လူသတ်မှုကျူးလွန်

ရန်ကုန်၊ နိုဝင်ဘာ၃၀။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အောင်ကြွေပြား စက်ရုံရှိ အလုပ်သမား တစ်ဦးအား ယမန်နေ့ ည ကိုးနာရီခန့်တွင် လှော်ကား ရဲစခန်းမှ ရဲသုံးဦးက ရိုက်နှက်သောကြောင့် သေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သော ရှေ့နေတစ်ဦးဖြစ်သူ ကိုသူဇော်က မြန်မာ့ခေတ်သို့ ယနေ့ နံနက်တွင် ပြောကြားသည်။

သေဆုံးသူမှာ အောင်ကြွေပြားစက်ရုံ အလုပ်သမားသမဂ္ဂမှ အလုပ်အမှုဆောင် ကိုဇေယျာမင်းဖြစ်ပြီး ရိုက်နှက်သူများမှာ
လှော်ကားရဲစခန်းမှ ရဲတပ်သားပြည့်ဖြိုး အပါအ၀င် (၃)ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လှော်ကားရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အထက်သို့ တင်ပြဦးမည်ဟု ပြော ကြားသည်။

အထက်ပါသတင်းနှင့် ပတ်သက်၍ မြန်မာ့ခေတ် မီဒီယာဂရုမှ ဆက်လက် ဖော်ပြသွားပါမည်။

အောင်သိုက် (မြန်မာ့ခေတ်)


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့