Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 November 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ခရီးစဉ် (၄)

ဒေါ်အောင်ဆန်း စုကြည်က လက်ပန်း တောင်းတောင် အရေးကို နှစ်ဦး နှစ်ဘက်ကို ငြိမ်းငြိမ်း
ချမ်းချမ်းနဲ့ ပြေလည်အောင် ညှိနှိုင်း ပေးမည် ဖြစ်ကြောင်း ဒေသခံ များနှင့် တွေ့ဆုံစဉ်
ပြောကြားသည်။

မြန်မာ ၀မ်ပေါင် ကုမ္ပဏီနှင့် တွေ့ဆုံ ညှိနှိုင်း ခဲ့ပြီးဖြစ်ကာ ဒေသခံ များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကာ၊
နှစ်ဦး နှစ်ဘက်ကြား ငြိမ်းငြိမ်း ချမ်းချမ်းနှင့် ပြေလည်ရန် ညှိနှိုင်း ပေးမည်ဖြစ်ပြီး ဒေသခံ ပြည်သူများက ထိုသို့ညှိနှိုင်း ဆောင်ရွက် ပေးမည်ကို လက်ခံ ပါမည်လားဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ များကို မေးသည်။ ထိုအခါ ဒေသခံများက လက်ခံမည်ဟု ဖြေကြားသည်။

သို့သော် ယနေ့နံနက် အစောပိုင်းက သပိတ် စခန်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံး လူစုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေး ပြောကြားခဲ့ခြင်း မပြုပေ။

မနက်ဖြန် (နိုဝင်ဘာ ၃၀)နံနက် ၈ နာရီတွင် မုံရွာမြို့ ချင်းတွင်းမြစ်ဘေး သဲသောင်ခုံ
 ပေါ်တွင် ဒေသခံများနှင့် တွေ့ဆုံအမှာ စကားပြောကြား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ပန်းတောင်းတောင် ဒေသခံများကို ၁၂ မိနစ်ကြာ မိန့်ခွန်း ပြောကြား ပြီးနောက် မုံရွာမြို့သို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ပန်းတောင်းတောင် ဒေသခံများကို မိန့်ခွန်း မပြောကြားမီ မြန်မာဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ၄ နာရီ ၁၅ မိနစ်မှ ၅ နာရီ ၃၀ မိနစ်ဝန်းကျင် အချိန်ထိ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့် မိန့်ခွန်းကို နားထောင်ရန် ကံကုန်းကျေးရွာ ကွင်းပြင်တွင် စောင့်ဆိုင်းနေသော ဒေသခံလူအင်အားမှာ နှစ်သောင်းကျော်မှ သုံးသောင်းအတွင်းရှိကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။

7Day News Journal




ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည်ကို စောင့်ဆိုင်းနေသော လက်ပန်းတောင်းတောင်ဒေသခံများ

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 7Day News Journal

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့