Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 28 November 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စီးပွားရေး ကုန်သွယ်မှုများ တိုးမြှင့် ဆောင်ရွက် သွားမည်


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရဲ့ နယ်စပ် ကုန်သွယ်မှု တွေကို
တိုးမြှင့် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရဲ့ နယ်စပ် ကုန်သွယ်မှု တွေဟာ ပြီးခဲ့တဲ့ ဇွန်လလောက်မှ စတင်ကာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ တွေကြောင့် လပိုင်း ၀န်းကျင် အထိ နယ်စပ်ကုန် သွယ်မှုများ ရပ်ဆိုင်း သွားခဲ့ပြီး ယခုအခါမှာ စီးပွားရေး အရ နယ်စပ် ကုန်သွယ်မှုများ ပြန်လည် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မှာလည်း မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရဲ့ ဆဌမ အကြိမ်မြောက် ကုန်သွယ်ရေး ပူးတွဲ ကော်မရှင်ကို ကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးမှ  ရည်မှန်းချက်တွေ အရ နောက်ပိုင်းမှာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှုကို ဒေါ်လာသန်း ၅၀၀ အထိ တိုးမြှင့် ဆောင်ရွက် နိုင်ဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ပိုင်း မှာလည်း နယ်စပ် ဒေသရှိ နယ်မြေဒေသ များမှာ ထုတ်ကုန် များကို ၀ယ်ယူ ရရှိနိုင်မယ့် လက်လီ၊ လက်ကား ဈေးများကို နှစ်ဖက် မြို့များမှာ တည်ဆောက် သွားဖို့ စီစဉ်ထား ရှိတယ် လို့လည်း သိရပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံမှ ကုန်သွယ်မှု အနေနဲ့ ပဲနှင့်ရေထွက် ပစ္စည်းများကို တိုးမြှင့် ပို့ဆောင် နိုင်ရေး စီစဉ်လျက် ရှိတယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် ကျင်းပခဲ့တဲ့ ဆဌမ အကြိမ်မြောက် ကုန်သွယ်ရေး ပူးတွဲ ကော်မရှင်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ မြန်မာနိုင်ငံက လျှပ်စစ် ဓါတ်အားများ ၀ယ်ယူဖို့ကို ကမ်းလှမ်းမှုများ ပြုလုပ်ပေ မယ့်လည်း လာမယ့် ၂၀၁၃ ခုနှစ်မှာ ပြည်တွင်း လျှပ်စစ် ဓါတ်အား လိုအပ်ချက် များပြား လာမှာ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံမှ အဆိုပါ အဆိုပြုလွှာ ကိုတော့ လက်မခံခဲ့ဘူး လို့လည်း သတင်း ရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့