Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 28 November 2012

» ပျောက်သွားတဲ့ နိုင်ငံသား စီစစ်ရေး ကတ်ပြား ကျပ် (၂၅၀၀၀)ပေးမှ အသစ်ပြန်ရ

ဧရာဝတီတိုင်း ဒေသကြီး၊ အိမ်မဲမြို့တွင် နိုင်ငံသား စီစစ်ရေး ကတ်ပြားများ အသစ်ပြုလုပ်ရာတွင် လည်ကောင်း ၊ပျောက်ဆုံးသူများ အတွက် နိုင်ငံသားကတ်များ ပြန်လည်ပြုလုပ် ပေးရာတွင် လည်ကောင်း နိုင်ငံတော်မှ သတ်မှတ်ထားသော နှုန်းထားများထက် ပိုမိုတောင်းခံ နေကြောင်း သိခဲ့ရသည်။

(၁၅.၁၁.၂၀၁၂)နေ့တွင် ရန်ကုန်မြို့သို့ အလုပ်သွားရောက်လုပ်ကိုင်နေသော မောင်-----မှ မှတ်ပုံတင် ပျောက်သွားသဖြင့် ယခင် မိမိနေထိုင်ရာ အိမ်မဲမြို့သို့  ပြန်လာ၍ နိုင်ငံသား ကတ် ပြန်လည် လျှောက်ထား တင်ပြခဲ့သည်။

မိမိပျောက်ဆုံးသွားသော နိုင်ငံသားကတ် နံပါတ်များ ပြောပြ၍ မိမိယခင်က အိမ်မဲမြို့တွင် အခြေချနေထိုင်သူ ဖြစ်ကြောင်းကို အိမ်မဲမြို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လက်ထောက်ဦးစီး ဦးမောင်မောင်နိုင်အား ရှင်းပြပြောဆိုခဲ့သည်။ သို့ရာတွင် လက်ထောက်ဦးစီး ဦးမောင်မောင်နိုင်မှ၎င်း၏ အမှုတွဲဟောင်းမှာ ကာလကြာပြီဖြစ်၍ရှာဖွေရန် ခက်ခဲကြောင်းပြောဆိုခဲ့သည်။

ထို့နောက်ဦးစီးမှူးနှင့် ဝင်ရောက် တွေ့ဆုံရန် တိုက်တွန်း ပြောကြားခဲ့သည်။ (လ.၀.ကဦးစီးအရာရှိမှ အိမ်မဲမြို့တွင် လက်ရှိနေထိုင်သူမဟုတ်သဖြင့် အိမ်ထောင်စုဇယား ပြန်လည်ရှာဖွေရမည်။ အချိန်ကြာနိုင်ကြောင်း ပြောခဲ့သည်။

မိမိမှာ နောက်တစ်ရက်ကြာလျှင် ပြန်ရမည်ဖြစ်ကြောင်း အလုပ်မှာခွင့်အကြာကြီးယူ၍ မရကြောင်းကို လက်ထောက်ဦးစီး ဦးမောင်မောင်နိုင်ကို ပြောပြရာဦးမောင်မောင်နိုင်မှ အမြန်လိုချင်လျှင် ဆောင်ရွက်ပေးမည် ငွေကျပ်နှစ်သောင်းပေးရမည်ဟု ပြောသဖြင့် သဘောတူလိုက်ရကြောင်း သိခဲ့ရသည်။

နိုင်ငံသားစီစစ်ရေး ကတ်ပြားထွက်လာသော အခါလက်ထောက်ဦးစီး ဦးမောင်မောင်နိုင်မှ ၎င်းတောင်းခဲ့သော ငွေကြေးမှာ ဦးစီးမှူးကိုလည်း ခွဲဝေပေးရသဖြင့် တောင်းသော ငွေကြေး နည်းသွားသည် နောက်ထပ် ငါးထောင်ထပ်ပေးရန် ပြောသဖြင့် မှတ်ပုံတင် လက်ထဲရောက်ခါနီးဖြစ်၍ ထပ်မံပေးခဲ့ရကြောင်း သိခဲ့ရသည်။

“နိုင်ငံတော်လစာစားပြီးနိုင်ငံသားမှတ်ပုံတင်အား မိမိစိတ်ကြိုက်ဈေး ခေါ်ရောင်းစားသလို နိုင်ငံ့တာဝန် ထမ်းဆောင်နေသော ၀န်ထမ်းကောင်းနှင့် ဆုံတွေ့ခဲ့ရတာ စိတ်မကောင်းဘူးဗျာ။ အောက်ခြေ ၀န်ထမ်းနဲ့ ပြောရတာအဆင်မပြေလို့ ဦးစီးအရာရှိ ၀င်တွေ့တော့လည်း သိပ်မထူးပါဘူး။ မျက်ဖြူဆိုက်လေ၊ဆရာကြိုက်လေဖြစ်တာပါဘဲ ကျွန်တော်တို့ကလည်း တစ်ခြားမြို့မှာအလုပ်လုပ်ပြီး အချိန်မရတဲ့လူတွေဆိုတော့တောင်းသလောက်ပေးခဲ့ရပါတယ်”ဟုမောင်တင်အောင်မှပြောကြားခဲ့သည်။

အိမ်မဲမြို့ရှိ အခြားကျေးရွာများတွင် နိုင်ငံတော်မှစီမံချက်နှင့် လုပ်ပေးသောအခါမှလွဲ၍ မှတ်ပုံတင်ကိုအရေးတကြီးလိုအပ်ပါက နှစ်သောင်းခွဲမှ သုံးသောင်းအထိပေး၍ နိုင်ငံသား မှတ်ပုံတင်ကတ်ပြားလုပ်ယူရကြောင်း သိခဲ့ရပါသည်။

လင်းရောင်ရှင်(အိမ်မဲ)
by Myanmar News Now

အိမ်မဲမြို့လူဝင်မှုကြီးကြပ်ရေးရုံး။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့