Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 November 2012

၁၈ ကြိမ်မြောက် ကိုယ်ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲ ပြုလုပ်မည်


၂၀၁၂ ခုနှစ် ၁၈ ကြိမ်မြောက် ကျင်းပမယ့် ကိုယ်ကာယ ကြံ့ခိုင်ရေးနှင့် အေရိုးဗစ် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားကို
မနေ့က နေ့လည် ၁ နာရီမှာ အားကစားနဲ့ ကာယပညာ ဦးစီးဌာန ကျိုက္ကဆံရှိ အစည်းအဝေး ခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါတယ်။ အဆိုပါ အခမ်းအနားမှာ မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်အယ်လ်ခွန်းရီနဲ့ သက်ဆိုင်ရာ အလုပ် အမှုဆောင်များ တက်ရောက်ခဲ့ ပါတယ်။

အခမ်းအနား အစီအစဉ် အရ တက်ရောက် လာကြတဲ့ အလုပ် အမှုဆောင်များက ကျင်းပပြုလုပ် တော့မယ့် ၁၈ ကြိမ်မြောက် ကိုယ်ကာယ ကြံ့ခိုင်မှုပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တင်ပြချက်များ၊ ဆွေးနွေးမှု များကို ပြုလုပ်ခဲ့ ပါတယ်။ အဲ့ဒီလို ဆွေးနွေးရာ မှာတော့ ပြည်နယ်နှင့်တိုင်း ဒေသကြီး အသီးသီးမှ လာရောက် ယှဉ်ပြိုင်မယ့် ကစားသမားများ အတွက် တည်းခို နေထိုင်ရေး၊ စားရေး သောက်ရေးနဲ့ ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး တို့ကို  ဆွေးနွေးခဲ့ ကြပါတယ်။

ဆွေးနွေးမှုများ အပြီး မှာတော့ မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်အယ်လ်ခွန်းရီက မှာကြားချက်များကို ပြောကြားကာ အခမ်းအနား ပြီးဆုံးခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှ လာရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး ချင်းပြည်နယ် တစ်သင်းသာ ပါဝင် ယှဉ်ပြိုင်ချင်း မရှိကြောင်း သိရပါတယ်။ ပြိုင်ပွဲ ကိုတော့ လာမယ့် ဒီဇင်ဘာလ ၃ ရက်နေ့ ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ရန်ကုန်မြို့၊ သုဝဏ္ဏ အမျိုးသား အားကစားရုံ ၁ မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့