Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 November 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ခရီးစဉ် (၅)

လက်ပံတောင်း တောင် ပဋိပက္ခ နှင့် ပတ်သက်၍ မည့်သည့် ဆုံးဖြတ် ချက်မျှ မချရ သေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

လက်ပံတောင်းတောင် ပဋိပက္ခ နှင့် ပတ်သက်၍ မည့်သည့် ဆုံးဖြတ်ချက်မျှ မချရ သေးကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ၂၉ ရက်နေ့ ညနေပိုင်းတွင် ၁၅ မိနစ်ခန့်ကြာမြင့်သည့် ဟောပြောပွဲ၌ အထက်ပါ အတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

"ပြည်သူကို တစ်ခုပဲ တောင်းခံချင်တယ် သေသေချာချာ စိတ်ရှည်ရှည်နဲ့ ကျမဘယ်လိုပဲ ဆုံးဖြတ်ဖြတ်၊ ကျမလောလော ဆယ်တော့ ဘယ်လိုမှ ဆုံးဖြတ်ချက် မချရသေးပါဘူး ကျမလုပ်ငန်းရှင်တွေ ဘက်ကိုတွေ့ပြီးပြီ သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့ချင်တယ် ၊ဒီလုပ်ငန်းကို ကန့်ကွက်တဲ့ပြည်သူတွေနဲ့လည်းတွေ့ ချင်တယ် ၊ တွေ့ပြီးတော့ ဟိုဘက် ဒီဘက် အမြင်နှစ်ခုကို တတ်နိုင်သလောက်ပြေလည်အောင် ညှိပေးချင်တယ် ၊ အဲလိုညှိပေးတာကို ပြည်သူတွေက သဘောတူရဲ့လား " ဟုဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

လူသားတိုင်းဟာ စေတနာ ၊ မေတ္တာအပြည့်ရှိသည့် ပတ်ဝန်ကျင်နှင့်နေရမှာသာ ထာဝရအေး ချမ်းနိုင်မည် ဖြစ်ကြောင်း လည်း ယင်းက ထည့်သွင်းပြောကြားခဲ့သည်။ မနက်ဖြန်တွင်လည်း မုံရွာဘက်ကမ်းရှိ သောင်ပြင်တွင် ဟောပြောပွဲကို ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

တည်ကြည်အေး - Yangon Media Group

မုံရွာမြို့သို့ ရောက်ရှိ လာသော ဒေါ်အောင်ဆန်း စုကြည် လူထုအား နုတ်ဆက် နေစဉ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့