Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 28 November 2012

ICT ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဖိုရမ် ကျင်းပခဲ့


ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာ ၀န်ကြီး ဌာနမှ ကြီးမှူးပြီး ICT နည်းပညာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ICT ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို
နိုဝင်ဘာလ ၂၆ ရက်နေ့က နေပြည်တော်ရှိ မြန်မာ့ အပြည်ပြည် ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟို ဌာနမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ဖိုရမ် ကိုတော့ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ၊ ပညာရှင်များနဲ့ ဌာနဆိုင်ရာ အသီးသီးမှ တာဝန် ရှိသူများ၊ ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာ ၀န်ကြီး ဌာနမှ ပြည်ထောင်စု ၀န်ကြီးနဲ့ ဒုတိယ ၀န်ကြီးများ တက်ရောက် ခဲ့တာ ဖြစ်ပါတယ်။

အခုလို ICT ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ကျင်းပမှုဟာ ICT ကဏ္ဍကို စိတ်ဝင်စားသူများ၊ ရင်းနှီးမြှုပ်နှံ လိုသူများနဲ့ အခြား ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များရဲ့ အမြင်ကို ရယူဖလှယ် လိုတဲ့ အတွက် ကျင်းပ ပြုလုပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဝင်စားသူ လုပ်ငန်းရှင်များ အနေနဲ့လည်း ပြည်တွင်းမှ ICT ဈေးကွက်မှာ အခွင့်အလမ်းများ ရှာဖွေနိုင်ဖို့ အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း သိပ်သည်းဆဟာ ၈ ရာခိုင်နှုန်းသာ ရှိသေးပြီး ICT ကဏ္ဍကို အသုံးချပြီး ၀န်ဆောင်မှု ကဏ္ဍများ လုပ်ဆောင်မယ့် သူတွေ အတွက် ပိုမို ကောင်းမွန်အောင် ပြုလုပ်ဖို့ အခွင့်အလမ်းများ ရှိနေတယ် လို့လည်း သိရပါတယ်။ ဒါကြောင့် ICTကဏ္ဍမှာ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်တွေ အနေနဲ့လည်း ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်ဖို့ အတွက် ကိုလည်း တိုက်တွန်း ပြောကြားခဲ့ တယ်လို့ သတင်း ရရှိပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့