Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 November 2012

တန်ဆောင်တိုင် မသိုးသင်္ကန်း ရက်လုပ် လှူဒါန်းခဲ့


တန်ဆောင်မုန်း လပြည့်နေ့မှာ ကျင်းပနေကြ ဖြစ်တဲ့ မသိုးသင်္ကန်း ယှဉ်ပြိုင် ရက်လုပ်ပြီး ဆက်ကပ် လှူဒါန်းမှုကို ဒီကနေ့ မနက်ပိုင်းက ရွှေတိဂုံ စေတီတော်မှာ
ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အခုလို မသိုးသင်္ကန်း ရက်လုပ် ယှဉ်ပြိုင်မှုကို ရွှေတိဂုံ စေတီတော်မှာ ကျင်းပခဲ့ တာဟာ ၂၈ ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို မသိုးသင်္ကန်း ကပ်လှူ ပူဇော်ခြင်းကို တန်ဆောင်မုန်း လပြည့်နေ့ မတိုင်မီ အဖိတ်နေ့ ညနေပိုင်းမှာ စတင်ရက်လုပ် တာဖြစ်ပြီး ရွှေတိဂုံ စေတီတော် ဘာသာရေး အသင်း ၉ သင်းမှ ရက်ကန်း စင်တော် ၉ ခု ပါဝင် ယှဉ်ပြိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။

ဒီလို ယှဉ်ပြိုင်ပြီး မသိုး သင်္ကန်း ရက်လုပ် ယှဉ်ပြိုင်မှုကို အသိအမှတ် ပြုတဲ့ အနေနဲ့ ပြိုင်ပွဲမှာ အကောင်းဆုံး မသိုးသင်္ကန်း များကို ရွေးချယ်ပြီး ဂုဏ်ပြုချီးမြှင့်မှုများ ကိုလည်း ပြုလုပ်ပေး ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ရွေးချယ်ဆု ချီးမြှင့်ခဲ့ရာမှာ ပထမဆုကို ပင်လုံစင်တာ ဗောဓိမဏ္ဍိုင် သန့်ရှင်းရေးနှင့် ဆွမ်းတော်ကပ် အဖွဲ့က ရရှိခဲ့ပြီး၊ ဒုတိယဆု ကိုတော့ ကေတုမတီ တနင်္ဂနွေ ညနေ သန့်ရှင်းရေး အသင်းက ရရှိခဲ့ကာ တတိယဆု ကိုတော့ ဓည၀တီ ရေကြည်တော် ၀တ်အသင်းမှ ရရှိခဲ့ ကြတယ်လို့ သိရပါတယ်။

အဆိုပါ ဆုများကို ဂေါပက အဖွဲ့အလှည့်ကျ သဘာပတိနဲ့ ဂေါပက အဖွဲ့မှ တာဝန်ရှိ သူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြပြီး ကျန်ရှိနေတဲ့ အသင်း ၆ သင်းကိုလည်း နှစ်သိမ့်ဆုများ ပေးအပ် ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရက်လုပ် ထားတဲ့ မသိုး သင်္ကန်းများကို တန်ဆောင်မုန်း လပြည့်နေ့ နံနက် ၄ နာရီအချိန်မှာ ဂေါပက အဖွဲ့ဝင်များ ဦးဆောင်ပြီး အာရုံခံ မုခ်ဦး ၄ ခုရှိ ဘုရား ၄ ဆူ၊ အထက်ပစ္စယံရှိ ပတ္တမြား မျက်ရှင်ဘုရားနဲ့ ရင်ပြင်တော်ရှိ သတ်မှတ် ထားတဲ့ ရုပ်ပွားတော် များကို လှည့်လည် ကပ်လှူ ပူဇော်ခဲ့ ကြတတယ်လို့ သတင်း ရရှိပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့