Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 December 2012

Air Baganလေယာဉ် မတော်တဆမှုတွင် ပါဝင်ခဲ့သော ဒဏ်ရာရရှိသူများ (ဓါတ်ပုံ)

Air Baganလေယာဉ် မတော် တဆမှုတွင် ပါဝင်ခဲ့သော ဒဏ်ရာ ရရှိသူများကို ရန်ကုန်ဆေးရုံကြီး သို. ပို.ဆောင်ပေးရန် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ပြောကြား ထားကြောင်း ၀ိတိုရိယဆေးရှုံ Chief Operation Officer ဦးလောရင့်(U Lawrence) ကThe Voice Weekly သို့ပြောကြားသည်။

ဒဏ်ရာရရှိသူများအနက် ဗမာလူမျိုး ဗြိတိသျှ နိုင်ငံသားမှာ ခါးရိုး အနည်းငယ် ပဲ့သွားသော်လည်း ဆေးရုံ တက်ရောက် ကုသစရာ မလိုအပ်ကြောင်းနှင့် ဗမာလူမျိုး အမေရီကန် နိုင်ငံသူမှာ ခါးရိုးအနည်းငယ် ထိသွားသည့် အတွက် CT Scream ရိုက်ထားရကြောင်း သို့သော် ကြီးမားသည့် ဒဏ်ရာ မဟုတ်ဟု၎င်း၏ ပြောကြားချက် အရ သိရသည်။

ဝိတိုရိယဆေးရုံသို့ ဒဏ်ရာရလူနာ၂၄ဦး ရောက်ရှိလာသူများအနက် အဆိုပါအမျိုးသမီးမှာ ဒဏ်ရာ အပြင်းထန်ဆုံး ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

သတင်း - ဓါတ်ပုံ ။  ။ The Voice Weekly





No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့