Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 12 December 2012

ရန်ကုန်မြို့ မြို့သစ်အိမ်ခြံမြေ ဈေးအတက်ဘက်သို့ဦးတည်

ရန်ကုန်မြို့တော် အတွင်းရှိ မြို့နယ်များမှ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းအိမ်ရာ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ရန်ကုန်မြို့တော် ဥက္ကလာ၊ မြောက်ဥက္ကလာ စသည့် မြို့နယ်များတွင် အရောင်း အငှား လုပ်ငန်းများ ပုံမှန်အထက်တွင် တည်ရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင် များထံမှ သိရသည်။

တောင်ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်း အိမ်ရာရောင်းဝယ်ငှား သာမန်ထက်ပို

တောင်ဒဂုံဆိပ်ကမ်း အိမ် ရာမှာဆို ပေ ၄၀ * ပေ ၆၀အကွက်ကိုသိန်း ၂၀ဝ နဲ့ ၃၀ဝ ကြားမှာ ရှိတယ်။ အိမ်ပါတယ် တစ်ထပ်လမ်း ထဲတော့ဝင်ရမယ်။ အတွင်း နည်းနည်းကျတယ်။ လမ်းမတန်းမှာဆိုရင် အိမ်အပါ ပေါ့၊ ပေ ၄၀ * ပေ ၆၀ ကို သိန်း ၅၀ဝ နဲ့ ၆၀ဝ ကြားမှာ ရှိတယ်၊ အဲဒါလမ်းမ ဘက်ပေါ့၊ ဒီမှာက အိမ်ကြီး အိမ်ကောင်းတွေ နည်းသေးတယ်၊ သိပ်မရှိဘူး။ တောင်ဒဂုံ အရှေ့ဘက်ဆိုရင် အတွင်းလမ်းဘက် ဆို ပေ ၄၀ * ပေ ၆၀ ကို သိန်း ၃၀ဝ ဝန်းကျင်ရှိပြီး လမ်းမဘက်မှာဆိုရင်တော့ သိန်း ၁၀ဝ၀ ဈေးလောက်အထိ
ဈေးရှိ တယ်" IHome အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ မတင်တင်ခိုင်က ပြောသည်။ တောင်ဒဂုံ ဆိပ်ကမ်းအိမ်ရာနှင့် တောင် ဒဂုံအရှေ့ပိုင်းတွင် အိမ်ခြံမြေ အရောင်း အဝယ်ဈေးကွက်မှာ ယခုအခါ ပိုမိုလုပ်ကိုင် ရပြီး အနည်းဆုံးသိန်း ၉၀ မှ အမြင့်ဆုံး သိန်းထောင်ဂဏန်း အထိဈေးရှိကြောင်း၊ ပုံမှန်အရောင်းအဝယ်ရှိပြီး အငှားဈေးကွက် မှာလည်း သောင်းဂဏန်းမှ သိန်းဂဏန်း ဈေးအထိ အမျိုးမျိုးရှိပြီး အိမ်၏တည် နေရာပေါ်မူတည်၍ ဈေးနှုန်းမှာကွာဟမှုရှိ ကြောင်း အဆိုပါရပ်ကွက်တွင်း နေထိုင်သူ အိမ်ခြံမြေ အကျိုးဆောင် ကိုမင်းကပြော သည်။

တက်ရိပ်ပြလာသည့် မြောက်ဒဂုံအိမ်ခြံမြေဈေး

"အစ်မတို့မြောက်ဒဂုံ (၄၉)ရပ်ကွက်ထဲ မှာ ၄၃ ပေ * ပေ ၆၀ တစ်ထပ်အိမ်ပါတယ်။ လမ်းထဲတော့ဝင်ရတယ်၊ဈေးကသိန်း ၃၀ဝ ကျော်မယ်ညှိလို့ရတယ်၊ ၄၁ ရပ်ကွက်မှာ လမ်းမဘက်ပေါ့ အိမ်ပါတယ်။ တစ်ထပ် အိမ်ပဲ ပေ ၄၀ * ပေ ၆၀ သိန်း ၁၃၀ဝ ဈေးရှိ တယ်၊ ဒီမှာကလမ်းမဘက်ပိုနီးရင် ဈေးနှုန်း ပိုပေးရတယ်။ ရပ်ကွက်အလိုက်ပေါ်မူ တည်ပြီး ဈေးနှုန်းလည်း ပြောင်းတယ်၊ ရပ် ကွက်ကောင်းရင်ကောင်းသလို
ဈေးလည်း ကောင်းကောင်းခေါ်နိုင်တယ်" ဟု ရွှေနန်းစံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မမေသူ က ပြောသည်။ မြောက်ဒဂုံအိမ်ခြံမြေ
ဈေးသည် တောင် ဒဂုံအိမ်ခြံမြေဈေးထက် ပိုမိုရခြင်းမှာသွား လာရလွယ်ကူခြင်းမှာ အဓိကဖြစ်ပြီး ဝန်ထမ်းအများစုမှာ နေထိုင်ရသည်မှာ
အဆင် ပြေကြောင်း၊ မိမိတတ်နိုင်သည့် ငွေကြေး အင်အားနှင့် ညီမျှသော အိမ်ကိုငှားရမ်း နေထိုင်နိုင်ပြီး ရပ်ကွက်အများစုမှာ အေးအေး ချမ်းချမ်းရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါ ရပ်ကွက်နေထိုင်သူ အိမ်ခြံမြေ အကျိုးဆောင် မချိုချိုစန်းက သူ့အမြင် ကိုဆိုသည်။

ဈေးကောင်းနေဆဲ လှိုင်သာယာနှင့် ရွှေပြည်သာ အိမ်ခြံမြေဈေး

"လှိုင်သာယာမှ အောင်မြေသာစည် ရပ်ကွက်မှာ ပေ ၄၀ * ပေ ၆၀ ကို အိမ်ပါ သိန်း ၄၀ဝ အထက်မှာရှိတယ်။ တံတား ဖြူ ဘက်မှာဆိုရင် ပေ ၂၀ * ပေ ၆၀ ကို သိန်း ၂၀ဝ ဈေးရှိတယ်။ အရင်ကထက် တော့ အရောင်းအဝယ်ပို
လုပ်ရပါတယ်။ ရွှေပြည်သာ ထန်းခြောက်ပင်ဘက်မှာ ပေ ၆၀ ပတ်လည်တစ်ထပ်တိုက်ကို သိန်း ၈၀ဝ ဈေးခေါ်ထားတယ်။ အစ်မတို့ အဓိက အလုပ်ဖြစ်တာက အရောင်းပေါ့၊ စက်မှုဇုန် ဘက်တွေ မှာဆိုရင် မြေကွက် ဂိုဒေါင် ပါအရောင်းအငှားပိုအလုပ်ဖြစ်တယ်" ဟု ပြည့်စုံအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မငြိမ်းသူထွေးက ပြောသည်။

ဈေးကောင်းမွန်သည့် မြောက်ဥက္ကာလာနှင့် တောင်ဥက္ကလာ

အခု တောင်ဥက္ကလာ ပင်းယလမ်း သွယ် မှာ ပေ ၄၀ * ပေ ၆၀ တစ်ထပ်တိုက် ရေမီးအစုံဂရန်ပါကို သိန်း ၁၀ဝ၀ ဈေးရှိ တယ်၊ သစ္စာလမ်းက ပေ၄၀ * ပေ ၆၀ တိုက်ဆိုရင် ဖုန်းပါတယ်၊ ဂရန်ပါတယ်၊ သိန်း ၈၅၀ဝ ဈေးပေါက်တယ်။ မြောက် ဥက္ကလာပ(ဃ)ရပ်ကွက်ထဲမှာ ပေ ၂၀ * ပေ ၆၀ ခုနစ်ထပ်တိုက် ရေမီးဂရန်ပါတယ်။ သိန်း ၆၀ဝ ဈေး၊ (ခ)ရပ်ကွက်ထဲမှာ တစ် ထပ်တိုက် ရေမီးပါတယ်၊ ပေ ၄၀ * ပေ ၆၀ ကို သိန်း ၃၆၀ ခေါ်ထားတယ်။ အိမ်ဈေး အဓိက ကွာသွားတာက အိမ်ရဲ့အကျယ် အဝန်း ပြင်ဆင်ပုံပါဝင်တဲ့ပစ္စည်းပေါ့၊ ပြီးရင် ရပ်ကွက်ရဲ့လမ်းအခြေအနေ တိတ်ဆိတ်မှု အပေါ်မူတည်ပြီး ဈေးကိုတောင်းကြတာပါ အရောင်းအဝယ်လည်း ဖြစ်ကြပါတယ်။ ဒီလပိုင်းမှာ အလုပ်ကောင်းနေတယ်" ဟု အဆိုပါ ဒေသ၏ အိမ်ခြံမြေ အကျိုးဆောင် ကိုဇော်ဇော်မင်းက ပြောသည်။

သာကေတ အိမ်ခြံမြေဈေးလည်း ကောင်းနေမြဲ

"သာကေတ (၉)ရပ်ကွက်မှာ ပေ ၂၀ * ပေ ၆၀ တစ်ထပ်တိုက် သိန်း ၄၀ဝ ကျော် ဈေးရှိတယ်၊ လမ်းအတွင်းတော့ ဝင်ရမယ် အထဲနည်းနည်းရောက်တယ်၊ ဝါဝါဝင်း အိမ်ရာမှာ ပေ ၈၅ ပတ်လည် ဂရန်ပါ၊ နှစ် ထပ်တိုက်ကို သိန်း ၇၅၀ဝ ဈေးရှိတယ်၊ ဒီဘက်မှာလည်း အဝယ်လိုက်ပါတယ်၊ ဝယ်သူအများစုကတော့ အိမ်နဲ့လမ်း အနေအထားကို အဓိကထားကြည့်တာ ပေါ့၊ အခုရောင်းတဲ့သူ အများစုကလည်း ဝယ်သူအသင့်နေထိုင်လို့ရအောင် အိမ်ထဲ မှာ ပါတဲ့ပစ္စည်းတွေပါ အပြီးရောင်းချပြီး တော့ အရောင်းအဝယ်လုပ်လာကြတယ်" ဟု ရွှေနန်းစံ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ မမေသူက ပြောသည်။ အိမ်ခြံမြေဈေးနှုန်းများ ကောင်းမွန်ခြင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အိမ်ခြံ မြေလုပ်ငန်းမှ လက်ရှိတွင် အကောင်းမွန် ဆုံးလုပ်ငန်းဖြစ်ပေါ် လျှက်ရှိကြောင်း ကား ဈေးကွက်၊ ရွှေဈေးကွက်မှာ အတတ် အကျအလွန်ကြမ်းသောကြောင့် စီးပွားရေးသမားများမှာ အိမ်ခြံမြေလုပ်ငန်း ဘက်သို့ ခြေဦး လှည့်လာခြင်းဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးကျော်နိုင်က ဆိုသည်။

ဖိုးတုတ်(လှည်းတန်း)
Venus News Journal


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့