Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 1 December 2012

လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ၈၈မျိုးဆက် ပါဝင် ဆောင်ရွက်လိုသည့် ဆန္ဒမရှိ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၏ အမိန့် ကြော်ငြာစာ အမှတ် ၉၂/၂၀၁၂ အရ ထုတ်ပြန် ခဲ့သော လက်ပံတောင်းတောင် ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့် ကြော်ငြာစာ အပေါ် ၈၈မျိုးဆက် ကျောင်းသားများ၏ သဘောထား ထုတ်ပြန် လိုက်ပါသည်။


မုံရွာမြို့ကို ရောက်ရှိ နေကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ဌေးကြွယ်၊မြအေး၊ ဂျင်မီတို့ ပါဝင်သော ၈၈မျိုးဆက် ကျောင်းသားများသည် ယနေ့ဒီဇင်ဘာလ ၁ ရက်၊ မွန်းလွဲ ၂း၁၅နာရီတွင် မုံရွာမြို့ရှိ မဟာ ဇောတိကာရုံ ပါဠိတက္ကသိုလ် ကျောင်းတိုက်သို့ သွားရောက်ကာ အဆိုပါ ကျောင်းတိုက်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုအား အစိုးရက အကြမ်းဖက် ကိုင်တွယ် ဖြေရှင်းခဲ့ ခြင်းကြောင့် ဒဏ်ရာရရှိခဲ့ကြသည့် ရဟန်း သံဃာတော်များအား အားပေးကြည့်ရှု ခဲ့ကြသည်။




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့