Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 11 December 2012

နိုင်ငံခြား သင်္ဘောများ ဆိုက်ကပ်မှု ပိုမိုများပြားလာ


ဒီဇင်ဘာလ ၁၀ ရက်နေ့က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆိပ်ကမ်း သာယာ လှပရေး ဆိုင်ရာ

ညှိနှိုင်း အစည်းအဝေး ပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ရန်ကုန် ဆိပ်ကမ်းသို့ နိုင်ငံခြား သင်္ဘောကြီးများ ဆိုက်ကပ်မှု တွေဟာ ယခင်နှစ်တွေ ကထက် ပိုမိုများပြား လာတယ်လို့ သိရပါတယ်။ ဒီလို များပြား လာရာမှာ ပြီးခဲ့တဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် အတွင်း နိုင်ငံခြား ပင်လယ်ကူး သင်္ဘော တစ်ထောင့် ခုနှစ်ရာကျော် ဆိုက်ကပ် ခဲ့ရာက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် မှာတော့ ဆိပ်ခံ တံတား အလိုက် နိုင်ငံခြား ပင်လယ်ကူး သင်္ဘောကြီး တစ်ထောင့် ရှစ်ရာ ကျော်အထိ ၀င်ရောက် ဆိုက်ကပ်ခဲ့ တယ်လို့ သိရပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ဆယ်နှစ်တာ ကာလ အတွင်းမှာ ရန်ကုန်ရှိ ဆိပ်ခံအလိုက် ၀င်ရောက်ခဲ့တဲ့ နိုင်ငံခြား ပင်လယ်ကူး သင်္ဘော အရေအတွက်နဲ့ နှိုင်းယှဉ်ရင်တော့ အစီးရေ ၈၈၅ စီး တိုးမြင့် ဆိုက်ကပ် ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်းသို့ ၀င်ရောက် ဆိုက်ကပ်ခဲ့တဲ့ စီးရေဟာ ဆယ်နှစ်တာ အတွင်း ၉၃ ရာခိုင်နှုန်း အထိ တိုးတက် လာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပင်လယ်ကူး သင်္ဘော ဆိုက်ကပ်မှု တွေမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် နိုဝင်ဘာလ အထိ စီးရေ တစ်ရာကျော် ၀င်ရောက် ဆိုက်ကပ်ခဲ့ ပြီးတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ နိုင်ငံခြား ပင်လယ်ကူး သင်္ဘောကြီးတွေ အခုထက် ပိုမို ဆိုက်ကပ်နိုင်ဖို့ အတွက် ကိုလည်း ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဆိပ်ကမ်း သာယာလှပရေး အတွက် စီစဉ် ဆောင်ရွက်မှု တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့