Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

အမည်မသိလူ ၂ ဦး ဆရာဝန်အား ဓားဖြင့်ခုတ်

 သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၌ ဆရာဝန်တစ်ဦးအား အမည်မသိ လူ ၂ ဦးက အိမ်ထဲသို့ ဝင်ရောက် ခုတ်သည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာ ၂၀ ရက် ညနေ ၆ နာရီခန့် မူဆယ်မြို့ ခရစ်ယာန်ရပ်ကွက် ဗိုလ်တည်းလမ်းကြားနေ ဒေါက်တာတင်မြ (တရုတ်+ကချင်လူမျိုး)အား အင်္ကျီကွက်ကြား၊ ပုဆိုးဝတ်ထားသည့် လူ ၂ ဦးက အိမ်ထဲသို့ ဝင်ရောက်လာ၍ ဓားဖြင့်ခုတ်ကြောင်း ဆို၏။

“ဆရာက လူနာလို့ထင်ပြီး တံခါးဖွင့်ပေးလိုက်တယ်။ ဘာမှတောင် မပြောရသေးဘူး။ ဝင်လာတာနဲ့ ချက်ချင်းဘဲ ဓားရှည်နဲ့ခုတ်တယ်လို့ ဆရာဝန်က ပြောပြတယ်” ဟု မူဆယ်မြို့ဒေသခံ စိုင်းလိတ် က ပြောပါသည်။

ဒေါက်တာတင်မြက ထွက်ပြေးလာ၍ အနီးပတ်ဝန်းကျင်အား အကူအညီတောင်းရာ အဆိုပါ လူ ၂ ဦးမှာ အနောက်ပေါက်မှ ထွက်ပြေးသွားကြောင်း၊ အခင်းဖြစ်ပွားစဉ်က ဆရာဝန်း၏ဇနီးမှာ ခရီးလွန်နေ၍ သမီး ဖြစ်သူမှာ အိမ်ပေါ်ထပ်၌ ရှိနေကြောင်း၊ ဆရာဝန်မှာ နောက်ကျော၌ ၄ ချက်၊ ဘေးတဖက် ၁ ချက်စီ စုစု ပေါင်း ဓားခုတ်ဒဏ်ရာ ၆ ချက် ရရှိကြောင်း၊ ယခုအခါ မူဆယ်ဆေးရုံ၌ ဆေးကုသခံယူလျက်ရှိကြောင်း ဆိုပါသည်။

“ဆရာဝန်က အရမ်းသဘောကောင်းတယ်။ မူဆယ်မှာ ဆရာဝန်တင်မြကို မသိတဲ့သူမရှိဘူး။ ဆေးရုံမှာ အလုပ်မလုပ်တာကြာပြီ။ အိမ်မှာဘဲ ဆေးခန်းဖွင့်ထားတာ” ဟု မူဆယ်မြို့သူ ပါ့ဆွယ်ခမ်း က ပြောပါ သည်။

အခင်းဖြစ်ပွားပြီးနောက် တာဝန်ရှိရဲများက လာရောက်စစ်ဆေးပြီး ဆက်လက်စုံစမ်းနေကြောင်း သိရှိရ ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့