ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးက လောကပါလလူမှုဖူလုံ ရေးအသင်းအား မှတ်ပုံတင်ထား ခြင်းမရှိသောကြောင့် အသင်း၏ လှုပ်ရှားမှုများရပ်ဆိုင်းရန် ဩဂုတ် ၂ရရက်က အမိန့်စာထုတ်ပြန်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
လောကပါလအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထင်အောင် က ''ဥပဒေကို ကျွန်တော်တို့မချိုး ဖောက်ချင်ပါဘူး။ ဒါပေမဲ့ အသင်း အဖွဲ့ဥပဒေက အတည်မပြုရသေး ဘဲနဲ့ ဒီလိုမျိုးဘောင်ကျော်ပြီးလုပ် တယ်။ လိုအပ်နေတဲ့ပြည်သူလူထု ရဲ့တောင်းဆိုမှုတွေရှိခဲ့ရင် တား ဆီးမှုကိုဖောက်ပြီး ကူညီသွားမှာ ပါ။ တောင်းဆိုမှုတွေကြောင့် မရပ် ဆိုင်းဘဲ ဆက်လက်လုပ်ဆောင် မယ်''ဟုပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင် က ''ဒီလိုမျိုးတွေလုပ်နေသရွေ့ ဒီမို ကရေစီနိုင်ငံရေးစနစ်နဲ့ ဘယ်လို မှကိုက်ညီမှာမဟုတ်ဘူး။ ကျွန်တော် သာ ဒီအသင်းနေရာမှာဆိုလဲ ဆက် လုပ်မှာပဲ။ ဆက်လုပ်လို့ ဥပဒေ ချိုးဖောက်တယ်ဆိုရင်လဲ မတတ် နိုင်ဘူး။ ဒီလိုကိစ္စမျိုးတွေကို အစိုး ရအနေနဲ့ ပြန်ပြီးသုံးသပ်ဖို့ကောင်း တယ်။ လူမှုရေးအဖွဲ့တွေကို ထိ ခိုက်တာ ဘယ်လိုမှမကောင်းဘူး။ ပြည်သူတွေကို ထိခိုက်တယ်''ဟု ပြောသည်။
အဆိုပါထုတ်ပြန်ချက်တွင် လူမှုလှုပ်ရှားမှုဆောင်ရွက်နေ သော အဖွဲ့အစည်းများအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ အသင်း အဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့၏ တရား ဝင်ခွင့်ပြုချက်ရရှိမှသာ ရပ်တည် လှုပ်ရှားခွင့်ရှိကြောင်း ပါရှိသည်။
ထိုသို့ အသင်းအားရပ်ဆိုင်း ရန်ထုတ်ပြန်လိုက်ခြင်းသည် အ ရပ်ဖက် လူမှုအဖွဲ့အစည်းများအား ကောင်းစေရန် လုပ်ဆောင်ရမည် ဆိုသော သမ္မတလမ်းညွှန်မှုကို သွေဖီရာရောက်ပြီး ဖွဲ့စည်းပုံအ ခြေခံဥပဒေ၏ ပုဒ်မ၃၅၄(ဂ)တွင် ပါရှိသောအသင်းအဖွဲ့များ လွတ် လပ်စွာ သင်းပင်းဖွဲ့ဆိုခွင့်ကိုကျော် လွန်၍ လုပ်ဆောင်နေသည်ဟု ယူဆကြောင်း အသင်းဒုတိယ ဥက္ကဋ္ဌက ပြောသည်။
လောကပါလလူမှုဖူလုံရေး အသင်းသည် ၂၀၁၂ ခုနှစ် ဧပြီ တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဖယ်ခုံမြို့နယ်ဒေသခံများ လိုအပ် လျက်ရှိသည့် ကျန်းမာရေးလိုအပ် ချက်များ ပံ့ပိုးကူညီပေးလျက်ရှိ သောအသင်းဖြစ်ကြောင်း၊ သွေး လှူခြင်း၊ နာရေးကူညီမှုများ ပြု လုပ်ခြင်း၊ လူနာများကို ဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ သက်ကြီးရွယ် အိုများကို ကူညီထောက်ပံ့ခြင်း၊ မြို့နယ်တွင်းစာကြည့်တိုက်များ ဖွင့်လှစ်ခြင်း စသည်တို့ကို အခမဲ့ ဝန်ဆောင်ပေးသောအဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment