Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

ပုဂံမြင်းလှည်းသမားများ စက်ဘီးဆိုင်ကယ် ငှားရမ်းမှု ပိတ်ပင် ရန် တောင်းဆိုမည်

မြင်းလှည်း ငှားနေသော ပုဂံဘုရားဖူးများကိုတွေ့ရစဉ်။ ဓာတ်ပုံ - မေသက်ဇင် ရန်ကုန် ၊ စက်တင်ဘာ ၂၂။ ။ ပုဂံ ဒေသတွင် အနှေး ယာဉ်မောင်း မြင်းလှည်း သမား များ စုပေါင်း ၍ စက်ဘီးဆိုင်ကယ်ငှားရမ်းမှု အား ပိတ်သွားရန် စာတင်သွား မည်ဖြစ်ကြောင်း သိရသည်။

ပုဂံ-ညောင်ဦးဒေသတွင် တရုတ်နိုင်ငံထုတ် စက်ဘီးဆိုင် ကယ်များ ဝင်ရောက်လာမှုကြောင့် ခရီးသွားများအား ပြေးဆွဲပေးလျက် ရှိသော မြင်းလှည်းများ ဝင် ငွေထိခိုက်မှုများရှိလာသောကြောင့် မြင်း လှည်းမောင်းသူများ စုပေါင်း ကာ စာတင်မည်ဖြစ်ကြောင်း သိရ သည်။

''ကျွန်တော်တို့ အရင်က ဆိုရင် တစ်နေ့ကို အနည်းဆုံး ၂၅၀၀၀ တော့ရ တယ်။ အခုစက် ဘီးဆိုင်ကယ်တွေ ပေါ်လာတော့ ဧည့်သည်တွေ က မြင်းလှည်းကို အရင်လို မစီးကြဘူး။ အခုဆို ဧည့်သည်ရတာက အရင်ကလိုပုံ မှန်မရှိဘူး။ ဧည့်သည်မရတဲ့နေ့ တွေက များလာတယ်။ အဲဒါ ကြောင့် စာတင်ဖို့ လုပ်သွားမှာ ပါ''ဟု မြင်းလှည်းမောင်းသည် မှာ ၁၁နှစ်ခန့်ရှိပြီဖြစ်သော ကိုရဲ က ပြောသည်။

ပုဂံ-ညောင်ဦးဒေသတွင် နိုင်ငံခြားခရီးသွားများအား ဆိုင် ကယ်စီးနင်းလိုက်ပါခွင့်ကို ပိတ် ထားသော်လည်း ယခုစက်ဘီးဆိုင် ကယ်အား ပုဂံမြို့တော်စည်ပင် သာယာဌာနမှ စီးခွင့်ပေးထား ကြောင်း၊ အနှေးယာဉ်မောင်းများ အား စည်ပင်သာယာဌာနမှ ခွင့် ပြုထားသောကြောင့် စာတင် မည်ဆိုပါက စည်ပင်သာယာဌာန အား စာတင်သွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

မြင်းလှည်းမောင်းရန်အ တွက် လိုင်စင်သက်တမ်းအား တစ် နှစ်စာ ငွေကျပ် ၁ဝဝဝဝခန့်ပေး ဆောင်ရကာ မြင်းစာဖိုးမှာလည်း နေ့စဉ်နှင့်အမျှ ရင်းနှီးရသော ကြောင့် ယခုအခါတွင် ဝင်ငွေ နည်းပါးမှုနှင့် ထိခိုက်မှုများရှိလာ သောကြောင့် မြင်းလှည်းမောင်း သူများစုပေါင်းကာ သက်ဆိုင်ရာ သို့ စာတင်သွားမည်ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက် ၍ ''သူတို့က မြင်းစာဖိုးဈေးကြီး လို့ မတတ်နိုင် တာတို့ ဘာတို့ ပြောနေပေမယ့် အန်တီတို့ဒီစက် ဘီးတွေကို ရင်းနှီးရတာက နည်း တာမဟုတ်ဘူး။ မြင်းလှည်းထက် ပိုပြီး ဒုက္ခရောက်တယ်။ ခရီးသွား ပါးတဲ့ အခုလိုရာသီဆိုပိုတောင် ဆိုးသေးတယ်။ မြင်းစာထက်ပိုပြီး အလုပ်ရှုပ်တယ်။ စာတင်တယ် ဆိုလဲ အများသဘောနဲ့အညီ လုပ်ရမှာပေါ့''ဟု ပုဂံဒေသမှ စက် ဘီးနှင့် စက်ဘီးဆိုင်ကယ်များ ငှားရမ်းလျက်ရှိသော မိုးမိုးစက် ဘီးငှားဆိုင်မှ ပိုင်ရှင်ဒေါ်အေး ဝင်းက ပြောသည်။

စက်ဘီးဆိုင်ကယ်မှာ တစ် စီးလျှင် တန်ဖိုးအားဖြင့် ကျပ်လေး သိန်းဝန်းကျင်ခန့်ရှိပြီး တစ်နေ့တာ ငှားရမ်းခအား ငွေကျပ် ၈၀၀၀ ခန့် သတ်မှတ်ထားကာ တစ်နေ့ တာ ငှားရမ်းခဝင်ငွေမှာ ပုံမှန်မရှိ ကြောင်း၊ တချို့သော နိုင်ငံခြား ခရီးသွားများမှာ မစီးတတ်သူများ ရှိသောကြောင့် စက်ဘီးသာငှား ရမ်းကြပြီး စက်ဘီးဆိုင်ကယ်ဝင် ရောက် ငှားရမ်းမှုမှာ ညောင်ဦး ဘက်မှ စတင်ခေတ်စားခြင်းဖြစ် ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့