Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 21 September 2013

ရန်ကုန်တွင် ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်များ စည်းကမ်းမဲ့မှုပိုများနေ

 ရန်ကုန် စက်တင်ဘာ ၂၀

ရန်ကုန်မြို့တွင်း ယာဉ်စည်းကမ်းဖောက်ဖျက် မှုများတွင် ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်များမှာ ပိုမိုများပြားနေသည်ကို နေ့စဉ်လိုလို မြင်တွေ့နေ ရကြောင်း မထသ(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က ထုတ်ဖော်ပြောကြားလိုက်သည်။

“လိုင်ကားတွေစည်းကမ်းမဲ့တယ် ဆိုပေမယ့် ကိုယ်ပိုင်ယာဉ်နဲ့ အငှားယာဉ်တွေကို အများဆုံးမြင်တွေ့နေရတယ်။ အစီး ၅၀ လောက် မှာ ခရီးသည်တင်ယာဉ်က သုံးစီးလောက် ပါဝင်ပြီး ကျန်တာတွေက ကိုယ်ပိုင်ယာဉ်နဲ့အငှား ယာဉ် တွေပဲ။ Data ကောက်တာတော့မဟုတ်ဘူး၊ နေ့စဉ် မြင်တွေ့နေရတာကို ပြောပြတာပါ” ဟု ၎င်းက ပြောသည်။

မီးပွိုင့်တွင်လည်း အဆိုပါယာဉ်များသည် အခြားယာဉ်များနည်းတူ တန်းစီစောင့်ဆိုင်း ခြင်းမရှိဘဲ လမ်းဆုံ၏ လက်ဝဲ ဘက်သို့ ကွေ့လိုသော်လည်း ကွေ့ကြောတွင်နေရာမယူဘဲ အတည့် သွားသည့်လမ်းကြောင်းမှ ကျော်တက်ကာရှေ့ မှနေ၍ ဖြတ်ဝင်ကြခြင်းဖြစ်သည်။
“လက်ညှိုးလေးပြပြီးတော့ လမ်းတောင်းပြီး ဝင်တယ်၊ မပေးရင် ဒီလူကလူစိတ်မရှိဘူး ဆိုတာမျိုး၊ သူတို့ရှေ့ကို ဝင်ပြန်ရင် လည်း မကြိုက်ဘူး၊ ဟွန်းတွေတီးတယ်၊ အတ္တကြီးတဲ့ လူတွေရဲ့ စိတ်ဓာတ်ကို သိနိုင်တယ်၊ ဒီလိုလုပ်ရပ်ကိုသူတို့ ကိုယ်သူတို့ လျှင်တယ်လို့ သုံးသပ်ကြပေမယ့် ကျွန်တော်တို့မြင်တာတော့ ဒီကောင်စည်းကမ်း မလိုက်နာဘူး၊ ကြုံရာ ကျပန်းလုပ်တတ်တယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ထို့အပြင် မှတ်တိုင်ဧရိယာတွင် ဂိတ်သဖွယ် ရပ်နားထားသော အငှားယာဉ်များနှင့် ကိုယ်ပိုင် ယာဉ်အချို့ရှိနေပြီး ယင်းကဲ့သို့ တွေ့ကြုံမှုသည် ရှော့ပင်းစင်တာများအနီးနေရာ၌ များပြားစွာ တွေ့နိုင်ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရ သည်။
ထိုသို့ စည်းကမ်းမလိုက်နာဘဲ မောင်းနှင်သော ကိုယ်ပိုင်ယာဉ်များတွင် တန်ဖိုးကြီးသော ကားများလည်းပါရှိနေကြောင်း ဆက်လက် သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့