Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

ဘီအမ်ကား တချို့ ကားခများ ပိုမိုတောင်းခံ

ဆူးလေ မှတ်တိုင်တွင် ခရီးသည် တင်နေသော ဘီအမ်ကားတစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ) ရန်ကုန် ၊ စက်တင်ဘာ ၂၂ ။ ။ သတ် မှတ်ထားသည့် ကားခများထက် ပိုမိုတောင်းခံသည့် ကားများအား မထသရုံးမှ အရေးယူမှုများရှိသော် လည်း ဘီအမ်ကားတချို့သည် ခရီးသွားများထံမှ ကားခများပိုမို တောင်းခံမှုများ ရှိနေသေးကြောင်း သိရသည်။

မြောက်ဥက္ကလာမှ ဆူးလေ သို့ပြေးဆွဲနေသော ဘီအမ်ကား များထဲမှ ကားအချို့သည် ဆူး လေမှကုက္ကိုင်းသို့ ကားခကို ကျပ် ၂၀၀ နှင့် ညနေအချိန်ပိုင်းများ တွင် ကျပ် ၃၀၀ အထိတောင်းခံ မှုများရှိကြောင်း ခရီးသွားများထံ မှသိရသည်။

''အစ်မက ဒီလမ်းခရီးကို အလုပ်ကိစ္စနဲ့ အမြဲတမ်းသွားနေ ကျ၊ ၁၀၀ ပဲပေးရတဲ့လမ်းခရီးကို ၂၀၀ တောင်းတယ်။ ညနေဘက် ကိုပြန်ရင် တစ်ခါတလေဆိုရင် ၃၀၀ တောင်ပေးရတယ်။ မထသ ရုံးတွေကလဲ သတ်မှတ်ထားတာ တွေကို သိရတယ်။ ဒါပေမဲ့ လိုက် နာမှုကတော့ နည်းသေးတယ်။ အစ်မတို့ကလဲ ပိုက်ဆံကို နှမြော လို့ မဟုတ်ပါဘူး။ ၂၀၀ တန်လို့ တောင်းတာမျိုးဆိုရင် ဘာမှမဖြစ် ဘူး။ ခုဟာက ငြိမ်နေလို့ သူတို့ က ပိုတောင်းတာမျိုးတွေဖြစ်နေ တာလို့ထင်တယ်''ဟု ခရီးသွား သူ ရုံးဝန်ထမ်း မသန်းသန်းဝင်း က ပြောသည်။

ယင်းကဲ့သို့ သတ်မှတ်ထား သည့် ယာဉ်စီးခထက်ပိုမိုတောင်း ခံသည့်ကားများကို မထသရုံးမှ ကားနံပါတ်နှင့် ကားအမျိုးအစား အားမှတ်သားပြီး တိုင်တန်းမည် ဆိုပါက ထိထိရောက်ရောက်တာ ဝန်ယူဆောင်ရွက်ပေးမည်ဖြစ် ကြောင်း မထသရုံးမှသိရသည်။

''ဒီလိုမျိုး အကျင့်ပျက်တဲ့ ကားတွေရှိတာမှန်တယ်။ အဲဒီလို ကားတွေကို ခရီးသည်တွေအနေ နဲ့လဲ ကားခပိုတောင်းရင် ရုံးတွေ ကိုတိုင်လို့ရတယ်။ အဲဒီလိုတိုင်မှ သာ ကျွန်တော်တို့ဘက်ကလဲအ ရေးယူပေးလို့ရတယ်။ ခရီးသည် တွေကလဲ ပူးပေါင်းပါဝင်ပေးမှ ကျွန်တော်တို့ဘက်ကလဲ ဆောင် ရွက်ရတာ ပိုအဆင်ပြေနိုင်မှာပါ။ ဘီအမ်ကားတွေတင် မဟုတ်ပါ ဘူး။ တခြားကားတွေကိုလဲသတ် မှတ်ထားတဲ့ကားခထက် ပိုတောင်း တာမျိုးတွေရှိရင် တိုင်လို့ရတယ်။ ၁၀၀ တန်တာဆိုရင် ၁၀၀ ပဲ တောင်း ရမယ်။ လမ်းခရီးတိုလေး ကို ၃၀၀ ပေးရတယ်၊ ၂၀၀ ပေးရ တယ်ဆိုတာ မဖြစ်သင့်ဘူး။ အဲ ဒါကြောင့် ခရီးသည်တွေကလဲပါ ဝင် ပူးပေါင်းဆောင် ရွက်ပေးပါ'' ဟု မထသရုံးမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့