Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 5 September 2013

လက်နက်နဲ့ အတူ ဖမ်းမိတဲ့ ဘင်္ဂါလီလူမျိုး (၃)ဦး အား ဆက်လက် အရေးယူ ဆောင်ရွက်နေ


လက်နက်နဲ့ အတူ ဖမ်းမိတဲ့ ဘင်္ဂါလီလူမျိုး (၃)ဦး  ။ သတင်း - ဓါတ်ပုံ  ။  ။ မြိတ်ပုလဲမြေ စက်တင်ဘာလ (၁) ရက် ည (၁၁း၅၀)နာရီ အချိန်ခန့်တွင် မောင်းနှင်လျက်ရှိသော မသင်္ကာဖွယ်လှေတစ်စီးကို တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ မြိတ်ရေပြင်တွင် လုံခြုံရေးနှင့် ပိတ်ဆို့ရေး တာဝန်ထမ်းဆောင်လျက် ရှိသော ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၀၃)မှ မီးအချက်ပြခေါ်ယူ၍ စစ်ဆေးခဲ့ရာ "ကောင်းမြတ်ဟင်္သာ" အမည်ရှိ စက်လှေပေါ်တွင် ဘင်္ဂါလီလူမျိုး (၃)ဦးအား AK-47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်အတောင့် (၂၀၊ ကျည်ကပ် (၂)ခုနှင့် အတူ ဖမ်းဆီးရမိ ခဲ့သည်။ 

တရားဝင်ကိုင်ဆောင်ခွင့် မရှိသော သေနတ်အား ကိုင်ဆောင်၍ ဘင်္ဂါလီလူမျိုးများအား ဘင်္ဂလားဒေရှ့် နိုင်ငံမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် ကြံစည်အားထုတ်ခဲ့ကြသော ကောင်းမြတ်ဟင်္သာ စက်လှေမှ လှေသား(၁၃)ဦး နှင့် ဘင်္ဂါလီလူမျိုး(၃)ဦးအား မြို့မရဲစခန်း (ပ)၄၄၄/၂၀၁၃ လက်နက် ယာယီ ပြင်ဆင်ချက် ဥပဒေပုဒ်မ၁၉-က ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ဘင်္ဂါလီလူမျိုး(၃)ဦးမှာ ဦးမောင်မောင်(ခ)လာမြား(ဘ) ဦးခင်မောင် ဘင်္ဂါလီလူမျိုး၊ ပေါက်တောမြို့၊ မိုအာမက်ဖာရု(ခ)မောင်မောင်စိုး (၂၆)နှစ်(ဘ)ဦးကျော်မင်း(ခ)မာမွတ်မွန်နစ် ဘင်္ဂါလီ လူမျိုး၊ မောင်တောမြို့နယ်၊ မိုဟာမက်ဟာရှင်း(၃၀)နှစ်(ဘ)ဦးပေါ်ယာဇူ ဘင်္ဂါလီလူမျိုး၊ မောင်တောမြို့ နယ် တို့မှဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့