““မကွေးဆေးရုံနားမှာရှိတဲ့ ဘာသာခြားတွေနေတဲ့ ရပ်ကွက် တစ်ခုမှာဘာသာခြားတစ်ယောက် ကနေပြီးတော့ အသက် ၆ နှစ် အရွယ်ကလေးကို မုဒိမ်းကျင့် တယ်ဆိုပြီးတော့ သတင်းတွေ ထွက်လာတဲ့အခါကျတော့ လူစုရုံး ပြီးတော့ ခိုက်ရန်ဖြစ်ပွားမလိုဖြစ် ခဲ့တယ်။ အခုရဲတွေက အခြေ အနေကို ထိန်းသိမ်းထားတယ်”” ဟု မကွေးမြို့နေပြည်သူတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ လူသူစုရုံးလာမှု ကြောင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က လုံခြုံရေးအစီအမံများ ဆောင်ရွက်နေကြောင်း ဒေသခံ အချို့ထံက သိရသည်။
““ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ လိုက်လုပ် နေပါတယ်။ အခုအချိန်မှာလုပ် နေတုန်းမို့လို့ ဘာမှမပြောပြနိုင် သေးပါဘူး”” ဟု မကွေးမြို့အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောသည်။ဘာသာခြားများကြောင့် ဖြစ်စဉ်ဖြစ်ရပ်ဖြစ်ပေါ်တိုင်းတွင် ကောလာဟလ သတင်းများ ဖန် တီးကာ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်စေရန် တွန်းအားပေးခြင်း များလည်းဖြစ်ပေါ်လာလေ့ရှိ ကြောင်း နိုင်ငံရေးသုံးသပ်သူများ ၏အဆိုအရသိရသည်။

No comments:
Post a Comment