ရန်ကုန် ၊ စက်တင်ဘာ ၂၀အခြေခံပညာရေး ဆရာ၊ ဆရာမများကို ယခင် ၁၅ နှစ်ကျော်က လစာ၏ဆယ်ဆ ချေးခွင့်ပြုထားပြီး အကြောင်းအရင်း အမျိုးမျိုးကြောင့် ကျန်ရှိနေသေးသည့် လက်ကျန် ငွေစာရင်းအချို့ကို ပညာရေး ဝန်ကြီးဌာနက ပြန်တောင်းခံမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးရုံးမှ တာဝန် ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
လစာ၏ဆယ်ဆ ချေးငွေများအတွ...က် ၂ နှစ်အတွင်း ပြန်ဆပ်ရန် သဘောတူ ချေးခဲ့ကြသော်လည်း တစ်နှစ်ခန့် အကြာတွင် ကုန်ဈေးနှုန်းနှင့် အခြားစီးပွားရေး အပြောင်းအလဲကြောင့် ဆက်မကောက်ခံတော့ဘဲ ရပ်နားထားခဲ့ကြရာမှ ယခုနှစ် စက်တင်ဘာလမှ စတင်ကာ ယင်းကြွေး လက်ကျန်များကို ပြန်လည် တောင်းခံရန် ညွှန်ကြားထားခဲ့ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“အရင်တုန်းက လစာရဲ့ဆယ်ဆဆိုတော့ ဘယ်လောက် ရှိမှာတုန်း။ ကြွေးပြန်ဆပ်ရလည်း အရာရှိအဆင့်တောင် ပေးရမှာပါ” ဟု ယခင်ပမာဏအတိုင်းပင် မည်သည့် ရာထူးအဆင့်မဆို ပြန်ဆပ်ရမည့် အကြောင်းကို ၎င်းက ဆက်လက်ပြောဆိုသည်။
ယခင် ကြွေးကျန်စာရင်း ပြန်ဆပ်ခိုင်းခြင်းသည် ဆရာ၊ ဆရာမများကို နောက်ထပ်ချေးငွေ ချပေးရန်အတွက်ဟု သုံးသပ်ကြသော်လည်း လက်ရှိအချိန်ထိ ချေးငွေသစ်အတွက် တရားဝင် ထုတ်ပြန်ထားခြင်း မရှိကြောင်း ပညာရေးဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
“ပင်စင်ရထားပြီးပြီဆိုတော့ အရင်ကျန်သေးတဲ့ အဲဒီအကြွေးတွေ ပြန်ဆပ်ရဦးမယ် ပြောတယ်” ဟု တိုင်းဒေသကြီး ပညာရေးမှူး (ငြိမ်း) တစ်ဦးက The Voice သို့ ပြောဆိုသည်။
အစိုးရသစ် လက်ထက်တွင် ပညာရေးကဏ္ဍအတွက် အသုံးစရိတ်များ နှစ်စဉ် သိသိသာသာ တိုးမြှင့်ရခဲ့ပြီး အခြေခံပညာ ဆရာ၊ ဆရာမများအတွက် လစာနှုန်းထားများလည်း တိုးတက်လာခဲ့ကြောင်း၊ သို့သော် ပုဂ္ဂလိက ကျောင်းများမှ ဆရာ၊ ဆရာမများ၏ လစာနှုန်းထားများနှင့် နှိုင်းယှဉ်ပါက ကွာခြားမှုများ ရှိကြောင်း ပုဂ္ဂလိက ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။
ပညာရေးဝန်ကြီးဌာနသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အခြေခံပညာနှင့် ဆရာအတတ်သင် ပညာကဏ္ဍအတွက် ကျပ်သန်းပေါင်း ၇၃၃,၉၆၀ ဒသမ ၄၆၅ ရရှိထားပြီး ယင်းပမာဏသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ထက် နှစ်ဆပိုများသည်။
No comments:
Post a Comment