Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 5 September 2013

ရန်ကုန်-ကျိုက်ထို-ရန်ကုန်သို့ ပထမဆုံးပြေးဆွဲမည့် အဲယားကွန်း အထူးရထား


ရန်ကုန် - ကျိုက်ထို - ရန်ကုန် အဲယားကွန်း   အထူးရထားလိုင်းကို စက်တင်ဘာ ၇ ရက်မှစတင် ပြေးဆွဲ သွားမည်ဖြစ် ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ ယနေ့ကျင်းပသော မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားမှသိရ သည်။ အဆိုပါ  ခေတ်မီသန့်ရှင်းသပ်ရပ် သောအဲယားကွန်းအထူးရထားလိုင်း ဖြစ်သော ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးရထားလိုင်းကို  တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် ပြေးဆွဲသွားမည်ဖြစ်ရာ  ရန်ကုန်-ကျိုက်ထိုခရီးစဉ်ကို ကျိုက်ထို (၁)ဟု   သတ်မှတ်ထားပြီး အပတ်စဉ်  စနေနေ့တိုင်း    ရန်ကုန်ဘူတာကြီးမှ နံနက် ၆  နာရီ   ၂၅  မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်ရာ ကျိုက်ထိုသို့ နံနက် ၁၁ နာရီတွင်ရောက်ရှိမည်ဖြစ် သည်။ ကျိုက်ထို-ရန်ကုန်ခရီးစဉ်ကို ကျိုက်ထို (၂)ဟု  သတ်မှတ်ထားရာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း  ကျိုက်ထို ဘူတာမှ မွန်းတည့် ၁၂ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး  ရန်ကုန် ဘူတာကြီး သို့ ညနေ ၄ နာရီ ၃၅ မိနစ် တွင် ဆိုက်ရောက်မည်ဖြစ်ရာ ခရီးစဉ် သတ်မှတ် ထားချိန်  လေး နာရီခွဲသာ ကြာမြင့်မည်ဖြစ်ပြီး   ခရီးစဉ် အကွာ အဝေး ၉၉ မိုင် ရှိသည်။

ခရီးစဉ်စာရင်းများအရ လမ်းခရီး ရပ်မည့်ဘူတာများမှာပဲခူးဘူတာ၊ ဝေါ ဘူတာ၊    သိမ်ဇရပ်ဘူတာတို့၌သာ ဆိုက်ရပ်မည် ဖြစ်ပြီး လက်မှတ်ခနှုန်း ထားများမှာ မြန်မာကျပ်ငွေနှင့်သော် လည်းကောင်း၊ နိုင်ငံခြားငွေဒေါ်လာနှင့်သော် လည်းကောင်း  ဝယ်ယူနိုင် ကျပ် ၁၇၀၀ (နိုင်ငံခြားငွေဖြင့် ငါး ဒေါ်လာ)၊ ရန်ကုန်-ဝေါ လက်မှတ်ခ နှုန်း ကျပ် ၂၃၀၀ (နိုင်ငံခြားငွေဖြင့် ခုနစ်ဒေါ်လာ)၊  ရန်ကုန် - သိမ်ဇရပ် လက်မှတ်ခနှုန်း ကျပ် ၂၈၀၀ (နိုင်ငံ ခြားငွေဖြင့်  ရှစ်ဒေါ်လာ)၊ ရန်ကုန်- ကျိုက်ထို လက်မှတ်ခနှုန်း ကျပ် ၃၅၀၀ (နိုင်ငံခြားငွေဖြင့် ၁၀ ဒေါ်လာ)၊ ပဲခူး-ဝေါ လက်မှတ်ခနှုန်း ကျပ် ၇၀၀ ကို နိုင်ငံခြားငွေဖြင့် နှစ်ဒေါ်လာ၊ ပဲခူး-သိမ်ဇရပ် လက်မှတ်ခနှုန်း ကျပ် ၁၂၀၀ (နိုင်ငံခြားငွေဖြင့် လေးဒေါ်လာ)၊ ပဲခူး-ကျိုက် ထို လက်မှတ်ခနှုန်း ကျပ် ၁၉၀၀ (နိုင်ငံခြားငွေဖြင့် ခြောက်ဒေါ်လာ)၊ ဝေါ-သိမ်ဇရပ် လက်မှတ်ခနှုန်း ကျပ် ၆၀၀ ကို နိုင်ငံခြားငွေဖြင့် နှစ်ဒေါ်လာ၊ ဝေါ-ကျိုက်ထိုလက်မှတ်ခနှုန်း ကျပ် ၁၃၀၀(နိုင်ငံခြားငွေ လေးဒေါ်လာ)နှင့် သိမ်ဇရပ်-ကျိုက် ထို လက်မှတ်ခနှုန်း ကျပ်f ၈၀၀(နိုင်ငံခြားငွေ သုံးဒေါ်လာ) သတ်မှတ်ထားရှိကြောင်းလည်း သိရ သည်။
မြန်မာ့မီးရထားလုပ်ငန်းမှ  ယခု ပြေးဆွဲမည်ဖြစ်သော    ရန်ကုန်-ကျိုက်ထို-ရန်ကုန် အဲယားကွန်း အထူး ရထားတွဲဆိုင်းသစ် မှာ ၂၀၁၂ ခုနှစ်က ဂျပန်နိုင်ငံမှ ဝယ်ယူတင်သွင်းခဲ့သောရထားတွဲဆိုင်းသစ်ဖြစ်ပြီး ခရီးသွား ပြည်သူများ အတွက်     အထူး ဝန်ဆောင်မှု   ပေးလိုသောကြောင့် ယင်းကဲ့သို့ စီမံရခြင်းလည်းဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ    စုံစမ်း သိရှိရသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့