Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 3 November 2012

ရခိုင်ပဋိပက္ခ ဆွေးနွေးရန် စစ်တွေမှ ဘုန်းတော်ကြီး လေးပါး ရန်ကုန်သို့ ပင့်ဆောင်

ရန်ကုန်၊ နိုဝင်ဘာ ၃

ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွားနေသော ပဋိပက္ခများ ပြန်လည် တည်ငြိမ် မှု ရရှိရေး ဆွေးနွေးရန် စစ်တွေမြို့မှ ဆရာတော်ကြီး ၄ ပါးကို မြန်မာနိုင်ငံတော် သာသနာရေး ဝန်ကြီး ဌာနက အောက်တိုဘာ လ ၂ ရက်နေ့ နံနက် ၁ဝနာရီ ကျော်ခန့် က ရန်ကုန်မြို့ သို့ လေကြောင်း ခရီးစဉ်ဖြင့် ပင့်ဆောင် သွားကြောင်း စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့် ရှောက်ရေး ရဟန်းတော်များ သမဂ္ဂထံမှ သိရှိရ သည်။

ပင့်ဆောင် သွားသော ဆရာတော် (၄) ပါးမှာ ဒက္ခိဏ ရာမ ကျောင်းတိုက် ဆရာတော်၊ မဏိရတနာ ကျောင်းတိုက် ဆရာ တော်၊ နန္ဒာရာမ ကျောင်းတိုက် ဆရာတော်နှင့် ဓမ္မသုခ ကျောင်းတိုက် ဆရာတော် တို့ဖြစ်ကြောင်း၊ ဆရာတော်ကြီး များအား ယင်းသို့ ပင့်ဆောင် သွားခြင်းကို ဒကာ၊ ဒကာမ များက စိုးရိမ်နေကြကြောင်း ယင်းသဂ္ဂ ထံမှသိ ရှိရသည်။

"ပဋိပက္ခတွေ နောက်ထပ် မဖြစ်ရအောင် ဆရာတော်ကြီး တွေက ထိန်းသိမ်း ပေးဖို့ လျှေက်ထား လိုတဲ့ အတွက် ပင့်သွားတာ လို့ သိရပါတယ်" ဟု စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များ သမဂ္ဂမှ ဦးနန္ဒောဘာသ က မိန့်ကြားသည်။

ဆရာတော်ကြီး များအား ရခိုင်ပြည်နယ် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး က ရန်ကုန်သို့ ပင့်ယူ သွားခဲ့ပြီး အောက်တိုဘာ လ ၂ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးရှိ နိုင်ငံတော် မဟာသံင်္ဃာ့ နာယက အဖွဲ့မှ ဆရာ တော်ကြီး များနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်ဟု သိရှိရကြောင်း ဆရာတော်ကြီးက ထပ်မံ မိန့်ကြားသည်။

ဆရာတော် ကြီးများသည် ရခိုင် ပဋိပက္ခ ပြေလည်ရေး အတွက် အစိုးရ ဘက်ဆိုင်ရာ အရာရှိ ကြီးများနှင့် နိုဝင်ဘာလ ၃ ရက်နေ့ တွင်လည်း ဆွေးနွေး သွားမည့် အစီအစဉ် များ ရှိကြောင်း စစ်တွေမြို့ရှိ သင်္ဃာတော်များ ထံမှ သိရှိရသည်။

The Voice Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့