Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 25 November 2012

အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေကြမ်း ရေးဆွဲနေပြီဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၂၅။

အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေကြမ်းကို ရေးဆွဲလျက် ရှိပြီဖြစ်ကာ ပထမမူကြမ်း
ရေးဆွဲပြီး ဖြစ်ကြောင်း နှင့်  လွှတ်တော်သို့ တင်ပြရန် ပြင်ဆင်လျက် ရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန
ဒုတိယ ဦးဆောင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်မှ ပြောကြားသည်။

"အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေကြမ်းကို ရေးဆွဲနေပါပြီ။ ပထမမူကြမ်းတော့ ပြီးသွားပြီ။
အမျိုးသမီး အဖွဲ့အစည်းတွေကို ဒီမူကြမ်းကို ချပြမယ်။ သက်ဆိုင်ရာ ရှေ့နေရုံးချုပ်ကို တင်ပြမယ်။ အဲဒီကနေ
တဆင့် ပြည်သူ့ လွှတ် တော်ကို တင်သွင်းမယ်။  Gender Equality Network ကလူတွေနဲ့ ပူးပေါင်းတိုင်ပင်ပြီး ရေးဆွဲထားတာပါ။ အချိန်ကတော့ ယူရဦးမယ် " ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစတင်ပြီး အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး
သဘောတူ စာချုပ် (စီဒေါ)ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်းနှင့် အမျိုးသမီးများအား အကြမ်းဖက်မှု
ပပျောက်ရေးအတွက် NGO လုပ်ငန်းများနှင့် ပူးပေါင်းပြီး အသိပညာပေးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း  ဦးအောင် ထွန်းခိုင်မှ ထည့်သွင်းပြောကြားသည။်

စစ်ပွဲများ ဖြစ်ပေါ်နေသောဒေသများတွင် တိုင်းရင်းသားအမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများကို ကိုင်တွယ် ဖြေရှင်းမှု များနှင့် စပ်လျဉ်းပြီး " ဒါတွေကဖြစ်ခဲ့တာတွေရှိပါတယ်၊ တပ်မတော်မှာ အက်ဥပဒေနဲ့  နည်းဥပဒေဆိုပြီး ရှိပြီး ဒါမျိုးလုပ်တဲ့ သူတွေကို အရေးယူတာမျိုးတွေရှိပါတယ်၊ မရှိဘူးမဟုတ်ဘူး ရှိခဲ့ဖူးပါတယ်၊ ဖြစ်လာခဲ့ရင်တော့ ပြင်းပြင်းထန်ထန် အရေးယူတာတွေ ရှိပါတယ်" ဟု ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူးက ပြောကြားသည်။

ဆုဝေ (မြန်မာ့ခေတ်)


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့