Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 25 November 2012

တောက်ပတဲ့ကောင်းကင်


တောက်ပတဲ့ကောင်းကင်

လမင်းးနဲ့ အပြိင်ကျဲ

အစိုင်အခဲတွေကြားမှာ အချစ်ရှိလား

အဆုံးမရှိတဲ့ အဏ္ဏ၀ါ
သမုဒ္ဒရာ ထဲမှာရော အချစ်ရှိလားး

လေ ထုကို ဖမ်းဆုပ်ဖို့

သွေးစုပ်ဖုတ်ကောင်လောက်မှ

အဆင့်မရှိတဲ့ ငါ ဘ၀ မှာ

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တော့

ဖြစ်မလာနိုင်တာ အမှန်ပဲ

ပုံရိပ်က ၀ိုးတ၀ါး မသဲကွဲတဲ့ရှာပုံတော်

အပူမီးဆိုတာသိရက်နဲ့ဝင်တိုး

ဖိုးဖလံ မျိုး ငါ ဘ၀ဟာ

ရွှေသမင် အလိုက်မှားတဲ့

မုဆိုးတစ်ကောင်လို

တောသုံးတောင်ကို မနှံစပ်တော့

့ကကြိုးတွေထဲမှာနစ်မျှော

အချစ်သဘောကို သိဖို့အတွက်

ခြေရာချင်းလည်းအထပ်ထပ်ပေါ့

မျက်စိ ကိုဖွင့် နားကိုစွင့်ပြီး

တစ်ချက်နားထောင်ကြည့်တော့

မျက်ရည်တွေကို
ပုလဲ အဖြစ် ဖန်ဆင်းနေတာ

မင်းကိုး  ပန်ဆင် အုံးပေါ့

ကမာ ကောင် အဖြစ်နဲ့ ငါ က

ချစ်ဗျူဟာ မကျွမ်းကြင်သေးတော့

မင်းနဲ့ပက်သက်တိုင်း

ရှုံးပြီးရင်းရှုံး ဆုံးပြီးရင်းဆုံးပေါ့

လုံးလုံး ဥပေက္ခာမပြုနိုင်သမျှတော့

သူ မေတ္တာ အလျော်ပြန်ရရင်

နောက် တစ်ခေါက် ခရီးက ရှည်ဦးမယ့်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့