
တောင်ကိုရီးယား အခြေစိုက် နည်းပညာ ကုမ္ပဏီ Samsung သည် မကြာမီ ဈေးကွက် အတွင်း တင်ပို့ တော့မည့် iPhone 5 စမတ် ဖုန်းများကို ၎င်းတို့၏ နိုင်ငံ အတွင်း၌ ရောင်းချခွင့် မရအောင် ပြုလုပ်သွားမည်
ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
Samsung နှင့် Apple တို့သည် ပြီးခဲ့သည် နှစ်များက နည်းပညာ အပိုပစ္စည်း ထောက်ပံ့ခြင်း အလုပ် ကိစ္စကြောင့် များစွာ ရင်းနှီးခဲ့ရ
သော်လည်း နောက်ပိုင်းတွင် စမတ်ဖုန်းနှင့် တက်ဘလက် ထုတ်လုပ်မှုများ၌ ပြိုင်ဆိုင်မှုများ ဖြစ်ခဲ့ပြီး နည်းပညာ ဆိုင်ရာ မူပိုင်ခွင့် တရားစွဲဆို မှုများကို အချင်းချင်း အပြန် အလှန် ပြုလုပ်ခဲ့ကြသည်။
ပြီးခဲ့သည့် လပိုင်းအတွင်း Samsung မှ ထုတ်လုပ်သည့် စမတ် ဖုန်းများနှင့် တက်ဘလက် များကို ဂျာမနီတွင် ရောင်းချခွင့် မရအောင် Apple က တရားစွဲဆို ခဲ့သည်။ Samsung အနေ ဖြင့်လည်း Apple သည် ၎င်းတို့၏ iPhone 4 တွင် Samsung ၏ ကြိုးမဲ့ကွန်ရက် နည်းပညာ များကို တရားမဝင် အသုံးပြုခဲ့သည့် နည်းတူ iPhone 5 တွင်လည်း ထိုနည်းပညာများ ဆက်လက် အသုံးပြု လာဖွယ်ရှိသောကြောင့် တောင်ကိုရီးယားတွင်
ရောင်းချခွင့် မရအောင် ကြိုးစား သွားမည်ဟု ဆိုသည်။
Samsung ၏ အကြီးတန်း အရာရှိ တစ်ဦးက “ပြိုင်ဘက် ဖုန်းကုမ္ပဏီတွေကို
ပြဿနာ ရှာနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ မူပိုင်ခွင့် နည်းပညာတွေ ကိုတော့ ကာကွယ်ရမှာပါ” ဟုဆိုခဲ့သည်။ Apple သည် ၎င်းတို့၏ ပဉ္စမမြောက် မျိုးဆက် အိုင်ဖုန်းတွင် Near Field Communication နည်းပညာ နှင့် e-wallet ဝန်ဆောင်မှု တို့ကို ပံ့ပိုးပေးသွား မည်ဟု သိရပြီး ဈေးကွက် အတွင်း၌ အားသာမှု ရစေရန် အတွက် အခြား ဝန်ဆောင်မှု များစွာကိုပါ ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း
No comments:
Post a Comment