Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 3 November 2012

ဒီဇင်ဘာလတွင် MCPA စာမေးပွဲ ထပ်မံကျင်းပမည်


မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း အသိအမှတ်ပြု စာမေးပွဲ တွေကို ခြောက်လ တစ်ကြိမ် ကျင်းပပေး လျက်ရှိရာ လာမယ့် ဒီဇင်ဘာလ အတွင်းမှာ
ထပ်မံ ကျင်းပ သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီလို ကျင်းပမှုကို မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး များရှိ ကွန်ပျူတာ ပညာ အသင်းများ ရှိတဲ့ မန္တလေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် တို့မှာ တပြိုင်တည်း ကျင်းပ သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီ စာမေးပွဲကို အိုင်တီ ပညာရှင်များ အဖြစ် အသက်မွေး လိုတဲ့ ကျောင်းသား၊ ကျောင်းသူ တွေနဲ့ ကွန်ပျူတာ ပညာရှင် အသင်းဝင် တွေရဲ့ အိုင်တီဆိုင်ရာ အရည်အချင်းကို အသိအမှတ်ပြု နိုင်ဖို့အတွက် ရည်ရွယ် စစ်ဆေးတာ ဖြစ်တယ်လို့ သိရပါတယ်။ စာမေးပွဲ ဖြေဆိုဖို့အတွက် ၀င်ကြေးတွေ အနေနဲ့ကတော့ Fundamental Software Engineer နဲ့ Network Associate အတွက် ကျပ် ငါးထောင်၊ Network Professional အတွက် ကျပ်တစ်သောင်း စာမေးပွဲကြေး ပေးသွင်း ရမှာ ဖြစ်ပါတယ်။ စာမေးပွဲ ဖြေဆိုလို သူတွေဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံး ထားကာ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းကို ဆက်သွယ် စာရင်းပေးသွင်း နိုင်ပြီး စာမေးပွဲ ကိုတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့