Introduction to Photoshop & System Requirements
(1). Introduction to Photoshop
Photoshop ဆိုတာကတော့ ရုပ်ပုံတွေ၊ ဓါတ်ပုံတွေ၊ ဒီဇိုင်းတွေ ပြုပြင်ဖန်တီးတဲ့ Graphic Edition Program တစ်ခုဖြစ်ပြီး Adobe System Incorporated ကထုတ်လုပ်တာပါ။ Photoshop ကို Version 1.0 အနေနဲ့ စတင်မွေးဖွားခဲ့ပြီး Version 2.0, Version 3.0, Version 4.0, Version 5.0, Version 6.0, Version 7.0 စသဖြင့် တစ်ဖြည်းဖြည်း ပြောင်းလဲပြီး တီထွင်ဆန်းသစ်ပြုလုပ်ခဲ့ပါတယ်။
Version 8.0 ကိုတော့ Photoshop CS လို့ နာမည်ပေးကာ တစ်မူထူးခြား ဆန်းသစ်တီထွင်ခဲ့ပါတယ်။ CS ဆိုတာ Creative Suite ရဲ့ အတိုကောက် သင်္ကေတ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ CS2, CS3 စသဖြင့် ဆက်လက်ထုတ်လုပ်ခဲ့ရာ ခုဆိုရင် CS6 ကိုရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။
CS3 ကနေစပြီး Normal Version နဲ့ Extended ဆိုပြီး နှစ်မျိုးခွဲ ထုတ်လုပ်ခဲ့ပါတယ်။ Extended Version တွေကတော့ ပိုပြီးစွမ်းဆောင်ရည်ကောင်းတယ်၊ ပိုမြင့်တယ်ပေါ့။ အဲ့ဒီကွာခြားချက်တွေ ပိုသိသာခဲ့တာကတော့ CS5 မှာပါ။
Photoshop CS5 နဲ့ CS5 Extended ရဲ့ အဓိက ကွာခြားချက်ကတော့ 3D အပိုင်းတွေမှာပါပဲ။ Photoshop ရဲ့ 3D Feature တွေ၊ Tool တွေဟာ ရိုးရိုး CS5 မှာ မပါဝင်ပဲ CS5 Extended မှာသာ ပါဝင်ပါတယ်။
(2). System Requirements
Photoshop Software ကို ထည့်သွင်းအသုံးပြုတဲ့အခါမှာ ကိုယ့်ကွန်ပျူတာရဲ့ Hardware တွေပေါ်မူတည်ပြီး Version ဘယ်လောက်ကိုထည့်သွင်းသုံးစွဲမလဲဆိုတာ စဉ်းစားရမှာပါ။ ဒီအခါ Photoshop ဘယ်လောက်ကိုတော့ဖြင့် အသုံးပြုချင်တယ်၊ ကိုယ့်ရဲ့ ကွန်ပျူတာနဲ့ကော ကောင်းကောင်းအလုပ်လုပ်ပါ့မလား ဆိုတာ အဓိက စဉ်းစားရမှာပါ။ ဒါကြောင့် ကိုယ်ထည့်သွင်းမယ့် Photoshop Version ရဲ့ System Requirements ကို အရင်ဆုံးလေ့လာရပါမယ်။
(၁). Photoshop CS2 နဲ့ သူ့ရှေ့က Version များအတွက် အနည်းဆုံး လိုအပ်ချက်တွေကတော့.......
- Processor (CPU) က Pentium 4 ရှိရပါမယ်။
- OS က Windows XP လောက်တော့ တင်ထားရပါမယ်။
- RAM က 384 MB ဆိုရပါတယ်။
- Harddisk က 650 MB တော့ နေရာလွတ်ရှိရပါမယ်။
- Software ထည့်သွင်းဖို့ CD-ROM ရှိရပါမယ်။
- 1024x768 Resolution လောက်နိုင်တဲ့ Monitor နဲ့ Graphic 32 bit လောက်ဆို အလုပ်ဖြစ်ပါပြီ။
(၂). Photoshop CS3 အတွက်ဆိုရင်တော့.......
- Pentium 4
- Windows XP Service Pack 2
- RAM 512 MB, Graphic 64 MB နဲ့ 1 GB Harddisk နေရာလွတ်ရှိရပါမယ်။
- သူ့ကိုထည့်သွင်းဖို့ DVD-ROM ရှိရပါမယ်။
(၃). Photoshop CS4 အတွက်ဆိုရင်တော့.......
- Processor 1.8 GHz နဲ့အထက်
- Windows XP Service Pack 3
- RAM 1GB, Graphic 128 MB
- 1 GB Harddisk နေရာလွတ်ရှိရပါမယ်။
- DVD-ROM
(၄). Photoshop CS5 အတွက်ဆိုရင်တော့.......
- Processor 4 နဲ့အထက်
- Windows XP Service Pack 3
- RAM 1GB, Graphic 256 MB
- 1 GB Harddisk နေရာလွတ်ရှိရပါမယ်။
- DVD-ROM
(၅). Photoshop CS6 အတွက်ဆိုရင်တော့.......
- Processor 4 နဲ့အထက်
- Windows 7 (Windows XP Service Pack 3) မှာလည်း သုံးလို့ရပေမယ့် Extendend မှာပါဝင်တဲ့ Light effect တွေ၊ 3D Feature တွေဟာ XP မှာ သုံးလို့ အဆင်မပြေပါဘူး။ Windows 7 မှာတောင် 64 bit နဲ့ဆို ပိုပြီး Performance ကောင်းပါတယ်။
- RAM 1GB, Graphic 512 MB
- 2 GB Harddisk နေရာလွတ်ရှိရပါမယ်။
- DVD-ROM
အခုပြောသွားတဲ့ လိုအပ်ချက်တွေဟာ အခြေခံ လိုအပ်ချက်တွေဖြစ်ပြီး ကိုယ်အသုံးပြုတဲ့ အလုပ်ပေါ် မူတည်ပြီး လိုအပ်ချက်တွေို ပိုလာနိုင်ပါတယ်။ ဥပမာ- RAM ဟာ1GB လိုတယ်ဆိုပေမယ့် Photoshop မှာ Resolution အရမ်းမြင့်တဲ့ပုံတွေ၊ ဆိုဒ်အရမ်းကြီးတဲ့ ပုံတွေကို ပြုပြင်ဖန်တီးတဲ့အခါမှာ ပုံ Size တွေ၊ File Size တွေကြီးရင်ကြီးသလို RAM ပမာဏလိုအပ်ပါတယ်။ ကိုယ်လုပ်နေတဲ့ File အရွယ်အစားပေါ်မူတည်ပြီး 4GB လည်း လိုနိုင်သလို၊ 8GB လည်းလိုနိုင်ပါတယ်။ အဲ့ဒီလို Resolution မြင့်တဲ့ File Size ကြီးတဲ့ အလုပ်တွေလုပ်မယ်ဆိုရင် RAM ကိုများများ ထည့်သွင်းထားရပါမယ်။ RAM ပမာဏများရင် Photoshop မှာ အလုပ်လုပ်တာ ပိုမြန်ပါတယ်။
အခု Photoshop ကိုထည့်သွင်းအသုံးပြုဖို့အတွက် လိုအပ်တဲ့အချက်တွေ သိရှိပြီးဆိုတော့ Photoshop Version တွေထဲက Photoshop CS5 ကို အခြေခံပြီး ဆွေးနွေးပေးသွားမှာပါ။ CS5 နဲ့ဆွေးနွေးတယ်ဆိုပေမယ့် CS5 မှာပါဝင်တဲ့ Tools တော်တော်များများဟာ ယခင် Photoshop Version တွေမှာပါဝင်တဲ့ Tools တွေပါပဲ။ ဒါကြောင့် ယခင် Photoshop Version အသုံးပြုသူတွေအနေနဲ့ Version ပြောင်းပြီး ထည့်သွင်းအသုံးမပြုချင်ဘူးဆိုရင်လည်း ယခင် Version တွေမှာမပါတဲ့ Tools အနည်းငယ်ကို ကျော်ပြီး ဆက်လေ့လာသွားလို့ရပါတယ်။ CS3, CS4, CS6 သုံးတဲ့သူတွေအတွက်ကတော့ Program Interface တွေက တော်တော်တူတဲ့အတွက် CS5 ဆွေးနွေးချက်ကို အခက်အခဲမရှိလေ့လာနိုင်မှာပါ။
Click Here Download Adobe Photoshop CS5 Portable
No comments:
Post a Comment