ရန်ကုန်၊ အင်းစိန်ရှိ လူကြီးမင်း ဖုန်းဆိုင်နှင့် မကွေးရှိ ဆိုင်တစ်ဆိုင် ဆိုင်တို့တွင်မူ ကူပွန်များ ဝေငှ ထားပြီး မဲဖောက်ပေးမည့် အစီအစဉ် ကိုမူ ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းထားကြောင်း ၎င်းဆိုင်များမှ တာဝန် ရှိသူများက ပြန်လည် ဖြေကြားသည်။ ယင်းဖုန်း ရရှိရန် အတွက် နံနက်ငါးရီ ကတည်းက လူကြီးမင်း ဖုန်းဆိုင်ရှေ့တွင် လူအများ စောင့်ဆိုင်းနေပြီး ကူပွန် မရသူများက မကျေနပ်၍ ဆူပူ အော်ဟစ်မှု များ ပြုလုပ်လာ၍ မဲဖောက်မည့် အစီအစဉ်ကို ရွေ့ဆိုင်း လိုက်ကြောင်း လသာလမ်း လူကြီးမင်း ဖုန်းဆိုင်ကို သွားရောက် ခဲ့သူ တစ်ဦးက ဆိုသည်။
နေပြည်တော်ရှိ လူကြီးမင်း ဖုန်းဆိုင်များဖြစ်သည့် ပျဉ်းမနား နှင့် သပြေကုန်းတို့တွင် Samsung Galaxy Mini ဖုန်းများကို ငါးထောင်ကျပ်ဖြင့် မဲနှိုက် ရောင်းချရာ အဆင်ပြေပြေ ရောင်းချနိုင်ခဲ့ကြောင်း ပျဉ်းမနားရှိ လူကြီးမင်း ဖုန်းဆိုင်မှ တာဝန် ရှိသူတစ်ဦးက The Voice Weekly သို့ ဖြေကြားသည်။
"ရန်ကုန်မှာတော့ နည်းနည်း ပြဿနာရှိတယ်လို့ကြားတယ်။ဒီမှာကတော့ အဆင်ပြေပါတယ်။လူတွေက တိုးတော့ တိုးကြတာပေါ့၊ဒါပေမယ့် ကျွန်တော်တို့ ပျဉ်းမနားနဲ့ သပြေကုန်း ဆိုင်တွေမှာ အားလုံးပေါင်း အလုံး(၂ဝ) ရောင်းချခဲ့ ပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တောင်ကြီးရှိ လူကြီးမင်း ဖုန်းဆိုင်ကလည်း ၎င်းတို့ဆိုင်တွင် ပြဿနာ တစ်စုံတစ်ရာ မရှိကြောင်း၊ မူလက ပြောထားသည့် အတိုင်း ဖုန်းဟန်းဆက် (၁ဝ) လုံးကို ရောင်းချခဲ့ပြီး ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။ ဆမ်ဆောင်းဂလက်စီမီနီ ဟန်းဆက် တစ်လုံး ငါးထောင်ကျပ်နှင့် အလုံး ၁၁ဝ ကို လူကြီးမင်း ဖုန်းဆိုင်တစ်ဆိုင်လျှင် ၁ဝ လုံးကျစီဖြင့် နယ်ရှိ ဆိုင်ခွဲများ အပါအဝင် ဆိုင်ပေါင်း ၁၁ ဆိုင်တွင် ရောင်းချပေးမည့် အစီအစဉ်ကို ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်မှ စတင်ကာ ကြေညာမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် လူကြီးမင်း ဖုန်းဆိုင်၏ အထွေထွေ မန်နေဂျာ ဦးကိုကိုအောင် နှင့် ရန်ကုန်ရှိ အခြားဆိုင်ခွဲများကမူ The Voice Weekly မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစား ခဲ့သော်လည်း ဖုန်းများ ပိတ်ထားသောကြောင့် ဆက်သွယ်၍ မရခဲ့ပါ။ အဆိုပါဖုန်းသည် ကာလတန်ဖိုး အနေဖြင့် တစ်သိန်းကျော်ခန့် ရှိပြီး ငါးထောင်ကျပ်နှင့် ရောင်းပေးမည် ဆို၍ လူအများ ကျိတ်ကျိတ်တိုး ဝယ်ယူကြခြင်း ဖြစ်သည်။
The Voice Weekly

No comments:
Post a Comment