Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 2 December 2012

Apple Company ၏ တရားဝင် ဖြန့်ချိမှု ရရှိရန် ပြည်တွင်း ကုမ္ပဏီအချို့ ဆောင်ရွက်

နိုင်ငံပေါင်း များစွာကို ဖြန့်ချိလျက် ရှိတဲ့ Apple ရဲ့ ထုတ်ကုန် ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ  တရားဝင် ဖြန့်ချိမှုရရှိဖို့ အတွက် ပြည်တွင်းရှိ ကုမ္ပဏီ အချို့မှ
ကြိုးပမ်းလျက် ရှိတယ်လို့ KMD မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို တရားဝင် ဖြန့်ချိမှု ရရှိဖို့ အတွက် လျှောက်ထားတဲ့ ကုမ္ပဏီတွေ ကတော့ KMD အပါအ၀င် ခန့်မှန်းခြေ ကုမ္ပဏီ ၆ ခုခန့် ရှိတယ်လို့ သိရပါတယ်။ ကိုယ်စားလှယ် ရရှိအောင် လျှောက်ထား ရာမှာ အိုင်တီ ကုမ္ပဏီတွေ ပါဝင်သလို အိုင်တီနဲ့ ဆက်စပ်မှု မရှိတဲ့ ကုမ္ပဏီ တွေလည်း လျှောက်ထား တယ်လို့ သိရပါတယ်။

Apple မှ တရားဝင် ကိုယ်စားလှယ် ပေးရာမှာ ထုတ်ကုန် အမျိုးအစား အလိုက် ပေးအပ်တာ ဖြစ်ပြီး ပြည်တွင်းမှ တရားဝင် ဖြန့်ချိမှု အတွက် လျှောက်ထားရာမှာ Apple ထုတ်ကုန် အားလုံး ကိုယ်စားလှယ် ရရှိအောင် ဆောင်ရွက်တဲ့ ကုမ္ပဏီတွေနဲ့ မိုဘိုင်းလ်ဖုန်း၊ Note Book စတဲ့ ကဏ္ဍအလိုက် ကိုယ်စားလှယ် ရရှိအောင် ဆောင်ရွက်တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ အခုလို တရားဝင် ဖြန့်ချိမှု ကိုယ်စားလှယ် ရရှိဖို့အတွက် Apple company က ကျင်းပတဲ့ စာမေးပွဲကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ အဆိုပါ စာမေးပွဲ ကိုတော့ ပြည်တွင်းမှာ ဖြေဆိုရမှာ မဟုတ်ဘဲ ထိုင်း၊ စင်္ကာပူ စတဲ့ ပြည်ပနိုင်ငံရှိ Apple company ရုံးခွဲတွေမှာ သွားရောက် ဖြေဆိုရမှာ ဖြစ်ပါတယ်။

ဒီလို စာမေးပွဲ ဖြေဆိုပြီး တရားဝင် ဖြန့်ချိခွင့် ရရှိပြီး ပါကလည်း အရောင်းဆိုင်ရဲ့ အရောင်း တာဝန်ခံ ထမ်းဆောင်မယ့်သူ အနေနဲ့လည်း Apple စာမေးပွဲကို ဖြေဆို အောင်မြင် ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၀န်ဆောင်မှု ပေးတဲ့ စင်တာ Service center မှာ အလုပ်လုပ် လိုသူတွေလည်း ကဏ္ဍအလိုက် Apple စာမေးပွဲ များကို ဖြေဆို အောင်မြင် ပြီးမှသာ တရားဝင် ဖြန့်ချိမှု အတွက် ခွင့်ပြုချက် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရားဝင် ဖြန့်ချိမှု အတွက် လျှောက်ထားသူ တွေဟာ Apple Company မှ ချမှတ်ထားတဲ့ အခြား အချက်အလက်တွေ ကိုလည်း သိရှိထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့