Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 2 December 2012

CDMA ဖုန်းများ ထုတ်လုပ်မှု ရပ်ဆိုင်း လိုက်ပြီဖြစ်

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ CDMA ဖုန်းများ ထုတ်လုပ်မှုကို ရပ်ဆိုင်း လိုက်ပြီ
ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို CDMA ဖုန်းတွေရဲ့ ထုတ်လုပ်မှု ရပ်ဆိုင်းရာမှာ CDMA 800MHz နဲ့ CDMA 450 MHZ ၂ မျိုးလုံး အတွက် ထုတ်လုပ်မှု ရပ်ဆိုင်း လိုက်တာ ဖြစ်ပါတယ်။

ဒီလိုရပ်ဆိုင်း ရတာဟာ လက်ရှိမှာ လိုင်းအရေအတွက်နဲ့ သုံးတဲ့လူ အင်အားဟာ မျှတနေပြီ ဖြစ်တဲ့အပြင် လိုင်းတိုးချဲ့မှုတွေ ထပ်မံ လုပ်ဆောင်ပါက လိုင်းဆွဲအား ကောင်းမွန်မှု မရှိမှာစိုးတဲ့ အတွက် အခုလို ရပ်ဆိုင်း လိုက်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် CDMA ဖုန်းလိုင်းတွေကို နောက်ပိုင်း မှာလည်း ထပ်ပြီး ထုတ်သွား တော့မှာ မဟုတ်ဘဲ GSM ဖုန်းလိုင်းတွေ ကိုသာ ပိုမို ကောင်းမွန်အောင် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ CDMA ဖုန်းများ ထုတ်လုပ်မှုကို ရပ်ဆိုင်း ပေမယ့်လည်း အရင်က ၀ယ်ထားတဲ့ CDMA ဖုန်းလိုင်းတွေ ကိုတော့ အရင်အတိုင်း ဆက်လက် သုံးစွဲနိုင်ဖို့ အတွက် လိုင်းပိတ်ပင် တာတွေ ဆောင်ရွက်မှု မရှိဘူးလို့ သိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့