Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 2 December 2012

၂၀၁၂ ခုနှစ် ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေကို အခန်း ၁၃ ခန်းဖြင့် ပြဌာန်း

၂၀၁၂ ခုနှစ် ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေကို အခန်း ၁၃ ခန်းဖြင့် ပြဌာန်း လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဥပဒေကို ၂၀၁၂ ခုနှစ်  ပြည်ထောင်စု
လွှတ်တော် ဥပဒေ အမှတ် ၂၃ ဖြင့် နိုဝင်ဘာလ ၂၆ ရက်နေ့က ပြဌာန်း လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက် တာဟာ ပြည်ထောင်စု လွှတ်တော် ကနေ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၉၈ အရ၊  အဆိုပါ ဥပဒေကို ပြဌာန်း လိုက်တာ ဖြစ်ပါတယ်။

အဆိုပါ ဥပဒေပါ အခန်း ၁၃ ခန်း မှာတော့ အမည် အာဏာ တည်ခြင်းနဲ့ အဓိပ္ပါယ် ဖော်ပြချက်၊ လွှတ်တော်၊ သဘာပတိ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော ဥက္ကဌနဲ့ ဒုတိယ ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခြင်း၊ လွှတ်တော် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနဲ့ လွှတ်တော် အစည်းအဝေးများ အစရှိတဲ့ အခန်း ကဏ္ဍများ ပါဝင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော် သမ္မတနဲ့ လွှတ်တော် ဆက်သွယ်ရေး၊ အရေးပေါ် ကာလ ဆိုင်ရာ ပြဌာန်းချက်နဲ့ လွှတ်တော်၊ တားမြစ်ချက်နဲ့ ပြစ်ဒဏ်များ အပြင် အထွေထွေ အခန်း ကဏ္ဍပါ ထည့်သွင်း ရေးဆွဲ ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဥပဒေပါ အခန်း ၁၃ အထွေထွေ အခန်းကဏ္ဍ မှာတော့ ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေ အမှတ် ၁၂/၂၀၁၀ကို အဆိုပါ ဥပဒေဖြင့် ရုပ်သိမ်း လိုက်ကြောင်း ဖော်ပြ ထားတယ်လို့ သိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့