Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 2 December 2012

SE-ME-WE-5 ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာသန်း ၄၀ ကျော် အကုန်ကျခံ ချိတ်ဆက် သွားမည်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်း အင်တာနက် မြန်နှုန်းများ ပိုမို ကောင်းမွန်စေဖို့ အတွက် SE-ME-WE-5
ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာ သန်း ၄၀ ၀န်းကျင်ခန့် ကုန်ကျခံကာ ချိတ်ဆက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှု အတွက် ဖိုက်ဘာ ဆက်ကြောင်း ချိတ်ဆက် ထားမှုဟာ SE-ME-WE-3 နဲ့ ဆောင်ရွက် နေတာဖြစ်ပြီး အင်တာနက် မြန်နှုန်း ပိုမိုကောင်းမွန် စေမယ့် SE-ME-WE-5 ကို ဖိုက်ဘာ ဆက်ကြောင်း SE-ME-WE-3 နေရာမှာ အစားထိုး ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ဖိုက်ဘာ ဆက်ကြောင်း သွယ်တန်းမှု ကိုတော့ လာမယ့် ဒီဇင်ဘာလမှာ စတင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖိုက်ဘာ ဆက်ကြောင်းဟာ စင်ကာပူ နိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ အချို့ကို သွယ်တန်း နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ချောင်းသာ သို့မဟုတ် ငွေဆောင် ကမ်းခြေ တစ်ခုခုမှ ခန့်မှန်းခြေ ရေမိုင် ကီလိုမီတာ ၂၀၀ ကျော်အထိ ဖိုက်ဘာ ဆက်ကြောင်း ပြုလုပ်ပါက မြန်မာနိုင်ငံ အတွက် SE-ME-WE-5 ဖိုက်ဘာကြောင်းနဲ့ ချိတ်ဆက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖိုက်ဘာ ဆက်ကြောင်းနဲ့ ချိတ်ဆက်မှု ကိုတော့ လာမယ့် ၅ လအတွင်း အပြီးသတ် လုပ်ဆောင်နိုင်ဖို့ စီစဉ်ထားပြီး လုပ်ငန်း ဆောင်ရွက်ဖို့ အတွက် ချိုင်းနား ယူနီကွန်း နဲ့ တည်ဆောက်ရေး လုပ်ငန်းများ သဘောတူ စာချုပ်ချုပ်ဆို ထားပြီး ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့