Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 11 December 2012

ကုန်စည်နှင့် တင်းတောင်း စံဆိုင်ရာ ကန့်သတ်မှု နှုန်းထားများ တိုးမြှင့်လိုက်


မြန်မာနိုင်ငံ ကုန်စည် အမှတ်အသားများ အက်ဥပဒေနဲ့ တင်းတောင်း ပမာဏစံ သတ်မှတ်ရေး အက်ဥပဒေတွေ အရ ကန့်သတ်မှု ငွေပေးဆောင် စေတဲ့

နှုန်းထားတွေကို တိုးမြှင့် လိုက်တယ်လို့ သိရပါတယ်။ ဒီလို တိုးမြှင့် ပြောင်းလဲရာမှာ ကုန်စည် ဖော်ပြချက်နဲ့ ရောင်းချ ပြသမှုမှာ လိမ်လည် အသုံးပြုမှု အတွက် လိမ်လည်ဖို့ ကြံရွယ်ခြင်း မရှိကြောင်း သက်သေ မပြနိုင်ခဲ့ရင် ထောင်ဒဏ် ၃ လနဲ့ ငွေဒဏ် နှစ်ရာ ကျပ်အစား ငွေဒဏ်ကို ကျပ် ငါးသောင်းသို့ ပြောင်းလဲ လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်းတဲ့ အမိန့်အပေါ် ကုန်စည် တန်ဖိုးကျပ် ၅၀ထက် ပိုရင် အယူခံ ၀င်နိုင်မှု အစား ကျပ် နှစ်သောင်း ကျော်မှသာ အယူခံ ၀န်နိုင်ဖို့ ပြင်ဆင် လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ တင်းတောင်း ပမာဏစံ သတ်မှတ်မှုတွေမှာတော့ ဥပဒေအရ စံပယ်ဖျက်ခြင်းနဲ့ သတ်မှတ်ချက်ကို အတုပြုလုပ်ပြီး ချိန်တွယ် ပြသရင် ယခင် ဒဏ်ငွေ ၅၀၀ ကျပ်မှ ကျပ်ငါးထောင်သို့ ပြောင်းလဲတာ ဖြစ်ပါတယ်။

ဒါ့အပြင် အချိန်အတွယ် စံအမှတ်အသား မပြုလုပ်ဘဲ တံဆိပ်ရိုက်နှိပ် ဖော်ပြမှု အတွက် ပထမအကြိမ် ဖောက်ဖျက်ရင် ဒဏ်ငွေငါးရာ အစား ဒဏ်ငွေကျပ် ငါးသောင်းသို့ ပြောင်းလဲပြီး ဒုတိယ အကြိမ် ဖောက်ဖျက်မှု အတွက် ကိုတော့ ဒဏ်ငွေကျပ် နှစ်ထောင်မှ ကျပ်နှစ်သိန်းသို့ ပြောင်းလဲ သတ်မှတ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြောင်းလဲရာမှာ နှစ်ပေါင်း ၅၀ ကျော် အတွင်း ပြန်လည် ပြုပြင်မှု ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့